The network connection is lost.

Banner Image

နှစ်နှစ်အတွင်း ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆု ဆွတ်ခူးနိုင်တဲ့ ပထမဆုံးချဲလ်ဆီးကိုယ်စားပြုကစားသမား ဂျော်အိုပက်ဒရို

ဂျော်အိုပက်ဒရိုက ချဲလ်ဆီးအတွက် အကောင်းဆုံးခြေစွမ်းပြသခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
 
သူက ဖူလ်ဟမ်နဲ့ ဘရိုက်တန်တို့ကို အနိုင်ယူပြီး အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်တွေမှာ စုစုပေါင်းဂိုးပါဝင်ပတ်သက်မှု လေးကြိမ်အထိ ပြုလုပ်ပြီး ချဲလ်ဆီးအသင်းကို ဦးဆောင်ပေးခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ်ကစားသမားအတွက်တော့ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို ပထမဆုံးအကြိမ်ရရှိခြင်း ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ အသင်းဖော်ကိုးလ်ပယ်လ်မာနောက်ပိုင်း ဒီဆုကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံးချဲလ်ဆီးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဒါ့အပြင် ဂျော်အိုပက်ဒရိုက ဂျူနင်ဟို၊ အီဒူး၊ ဒေးဗစ်လူးဝစ်ဇ်၊ လူးကပ်စ်မော်ရာ၊ မူနစ်ဇ်နဲ့ အီဂေါသီယာဂိုတို့ပြီးရင် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်တဲ့ သတ္တမမြောက်ဘရာဇီးနိုင်ငံသားကစားသမား ဖြစ်လာပါတယ်။
 
ဘရာဇီးလက်ရွေးစင်အသင်းနည်းပြအန်ဆယ်လော့တီကတော့ ပြီးခဲ့တဲ့နွေရာသီကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျော်အိုပက်ဒရိုကို မရွေးချယ်ခဲ့ပါဘူး။ ဒါပေမဲ့ နည်းပြအလွန်ဆိုလက်အောက် ခြေစွမ်းပြသလာတဲ့ တိုက်စစ်မှူးကို လာမယ့်နိုင်ငံတကာသီတင်းပတ်အတွင်း ဩစတြေးလျ၊ အိန္ဒိယတို့နဲ့ ရင်ဆိုင်ရမယ့် ဘရာဇီးလက်ရွေးစင်အသင်းလူစာရင်းမှာ ပြန်လည်ထည့်သွင်းခဲ့ပါတယ်။
 
တဖက်မှာလည်း မန်ချက်စတာယူနိုက်တက်မှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ ကွန်ဟာကိုတော့ အန်ဆယ်လော့တီက ချန်လှပ်ထားခဲ့ပါတယ်။ 
 
ဂျော်အိုပက်ဒရိုရဲ့ချဲလ်ဆီးအသင်းက ဒီညမှာ ကြွေတက်နေတဲ့ဟားလ်စီးတီးကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရပါမယ်။