The network connection is lost.

Banner Image

ဆန်းတို့စ်မှာ နေမာနဲ့တွဲဖက်ကစားဖို့ ပြင်ဆင်နေတဲ့ လီဗာပူးကြယ်ပွင့်ဟောင်းကော်တင်ဟို

လီဗာပူးအသင်းရဲ့ကွင်းလယ်ဖန်တီးရှင်ဟောင်းကော်တင်ဟိုက ဘရာဇီးလက်ရွေးစင်အသင်းဖော်ဟောင်းနဲ့ ရင်းနှီးတဲ့မိတ်ဆွေဖြစ်သူ နေမာနဲ့အတူ ဆန်းတို့စ်အသင်းမှာ တွဲဖက်ကစားဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။
 
အသက် ၃၄ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း ဗာစကိုဒဂါးမားအသင်းမှ ထွက်ခွာလာပြီးနောက် ကလပ်အသင်းလက်မဲ့ ဖြစ်နေပါတယ်။ ကော်တင်ဟိုက ဗာစကိုဒဂါးမားအတွက် ၃၇ ပွဲကစားရာမှာ ကိုးဂိုး သွင်းယူခဲ့ပါတယ်။
  
အခုတော့ သတင်းထောက်လူးကပ်စ်မူဆက်တီပီရာဇိုလီရဲ့ဖော်ပြချက်အရ ကော်တင်ဟိုက ဘရာဇီးလက်ရွေးစင်အသင်းဖော်ဟောင်းနေမာရှိရာ ဆန်းတို့စ်အသင်းဆီ သွားရောက်ပူးပေါင်းတော့မယ်လို့ သိရပါတယ်။
 
ဘောလုံးကြယ်ပွင့်ဟောင်းနှစ်ဦးအကြား ခိုင်မာရင်းနှီးတဲ့ ဆက်ဆံရေးကောင်းရှိပြီး ကော်တင်ဟိုကိုယ်တိုင်လည်း အခုသီတင်းပတ်၊သောကြာနေ့မှာ ဆန်းတို့စ်နဲ့အတူ ဆေးစစ်မှုခံယူသွားမယ်လို့ သိရပါတယ်။

ဆန်းတို့စ်က ဘရာဇီးစီးရီးအေပြိုင်ပွဲမှာ ၂၅ ပွဲကစား၊ ရှစ်ပွဲနိုင်၊ ရှစ်ပွဲသရေ၊ ကိုးပွဲရှုံးရလဒ်နဲ့အတူ အမှတ်ပေးဇယားအဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။