လူတန်တောင်းနဲ့ပွဲစဉ်မှာ မထည့်သွင်းဖို့ အန်ဇိုဖာနန်ဒက်ဇ် တောင်းဆိုခဲ့တယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်လိုက်တဲ့ အလွန်ဆို
ချဲလ်ဆီးအသင်းနည်းပြဇာဘီအလွန်ဆိုက ပြီးခဲ့တဲ့သြဂုတ် ၂၇ ရက်၊ လူတန်တောင်းနဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ ပါဝင်ကစားပေးဖို့ အန်ဇိုဖာနန်ဒက်ဇ် ငြင်းဆန်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။
ပရီးမီးယားလိဂ်ကလပ်က နည်းပြဂျက်ဝီလ်ရှိုင်းယားရဲ့လိဂ်ဝမ်းကလပ်လူတန်အသင်းကို ဒဝဲလ်ဘက်၊ အိုဒိုဖင်(O.G)တို့ရဲ့သွင်းဂိုးတွေဖြင့် အလွယ်တကူနှစ်ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
ပွဲစမတင်ခင် အသင်းလူစာရင်းမှာ မထည့်သွင်းဖို့ အသက် ၂၅ နှစ်အရွယ်ကစားသမား တောင်းဆိုခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့လို့ ဆွေးနွေးစရာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
အခုနွေရာသီအပြောင်းအရွှေ့စျေးကွက်ရဲ့နောက်ဆုံးရက်တွေဆီ ဝင်ရောက်လာချိန် ဒီကွင်းလယ်လူရဲ့ မန်စီးတီးဆီပြောင်းရွှေ့ဖို့ ကြိုးပမ်းနေမှုက လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပါဘူး။
ပွဲစဉ်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန်မှာတော့ အလွန်ဆိုက အန်ဇိုဖာနန်ဒက်ဇ်နဲ့ပတ်သက်တဲ့သတင်းတွေကို ငြင်းဆန်ခဲ့ပြီး ကစားသမားကို ချန်လှပ်ထားဖို့ဆိုတာ ကလပ်အသင်းရဲ့ဆုံးဖြတ်ချက်သာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
အလွန်ဆိုက "ဟုတ်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့က အသင်းအတွက်၊ ဒီညအတွက် အကောင်းဆုံး ဘာဖြစ်မလဲဆိုတာနဲ့ အခြားကစားသမားတွေအတွက် ဘာပိုကောင်းမလဲဆိုတာကို တစ်ဦးချင်းရော၊ အဖွဲ့လိုက်ပါ ဆန်းစစ်ပြီးမှ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်"
"ဒါက ကျွန်တော်ကိုယ်တိုင်နဲ့ ကလပ်အသင်းရဲ့ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။