The network connection is lost.

Banner Image

ဘောလုံးရာသီသစ်မှာ ဘိုင်ယန်မြူးနစ်ဂိုးပေါက်ကို ဘယ်သူစောင့်ကြပ်မလဲဆိုတာ အတည်ပြုပေးလိုက်တဲ့ ကွန်ပနီ

ဘိုင်ယန်မြူးနစ်အသင်းက ရာသီသစ်မစတင်ခင်မှာ သူတို့ရဲ့ဂိုးသမားဦးစားပေးအစီအစဉ်ကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်လိုက်ပါတယ်။ နည်းပြဗင်းဆင့်ကွန်ပနီက နူအာကို အသင်းရဲ့အငြင်းပွားဖွယ်မရှိ နံပါတ် ၁ ဂိုးသမား ဆက်ဖြစ်နေဦးမယ်လို့ အတည်ပြုလိုက်ပါတယ်။

MagentaTV နဲ့ အင်တာဗျူးမှာ အခုအခြေအနေနဲ့ပတ်သက်လို့ ကွန်ပနီက ဘယ်သူ၊ ဘယ်လောက် ပွဲကစားချိန်ရရှိမလဲဆိုတာကို ဂိုးသမားနှစ်ဦးအပါအဝင် အသင်းအတွင်းပိုင်းမှာ အသေအချာဆွေးနွေးပြီးသွားပြီလို့ ဆိုပါတယ်။

"နူအာနဲ့ရော၊ အာဘစ်နဲ့ပါ ကျွန်တော်တို့အသင်းအတွင်းမှာ ရှင်းရှင်းလင်းလင်း ပြောဆိုထားပြီးပါပြီ။ ဒါက အရေးအကြီးဆုံးအချက်ပါပဲ" လို့ ကွန်ပနီက ပြောပါတယ်။

ဘယ်လ်ဂျီယံလူမျိုးနည်းပြက နူအာကို ပွဲထွက်ဂိုးသမားအဖြစ် ဆက်လက်ရွေးချယ်ထားပေမဲ့လည်း အာဘစ်ကိုလည်း အရန်ခုံမှာ ပစ်မထားပါဘူးလို့ အလေးအနက်ပြောကြားခဲ့ပါတယ်။ ဒါကြောင့် အသက် ၂၃ နှစ်အရွယ်ဂိုးသမားအတွက် ရာသီတလျှောက်လုံးမှာ ပွဲကစားချိန်မိနစ်တွေ အထိုက်အသင့်ရရှိလာနိုင်ပါတယ်။

"အာဘစ်လည်း ဒီရာသီမှာ ပွဲကစားချိန်မိနစ်တွေ ရပါဦးမယ်။ ဒါက သူ့ရဲ့တိုးတက်မှုအတွက်ရော၊ အသင်းမှာ ရှိနေမယ့် သူ့ရဲ့အနာဂတ်အတွက်ပါ အရေးကြီးပါတယ်" လို့ ကွန်ပနီက ရှင်းပြပါတယ်။

တစ်ချိန်တည်းမှာပဲ ထိပ်ဆုံးနေရာအတွက် ဘယ်သူရှိနေမလဲဆိုတဲ့ကိစ္စအပေါ် ကွန်ပနီကတော့ ဝေခွဲမရ မဖြစ်နေပါဘူး။ "နူအာသာ ကျွန်တော်တို့အသင်းရဲ့ နံပါတ် ၁ ပါ။ ဒါကတော့ အလွန်ရှင်းပါတယ်။ အခုလိုအခြေအနေရှိနေတာကိုလည်း ကျွန်တော်တို့ ကျေနပ်ပါတယ်" လို့ ကွန်ပနီက ထပ်လောင်းပြောကြားခဲ့ပါတယ်။