ဂျာမနီနည်းပြသစ်အဖြစ် ပထမဆုံးနေ့ရက်ကို တရားဝင်စတင်လိုက်တဲ့ ယာဂန်ကလော့ပ်
ဂျာမနီအသင်းနည်းပြသစ်ယာဂန်ကလော့ပ်က နာဂယ်စ်မန်းဆီမှ တာဝန်တွေ လွှဲပြောင်းရယူပြီးနောက် နည်းပြလောကဆီ တကျော့ပြန်ရောက်ရှိလာပါတယ်။
လီဗာပူးနည်းပြဟောင်းကလော့ပ်က ကမ္ဘာ့ဖလား ၃၂ သင်းရှုံးထွက်အဆင့်မှာ ပါရာဂွေးကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အရေးနိမ့်ပြီး ရာထူးမှထွက်ခွာသွားတဲ့ နာဂယ်စ်မန်းရဲ့နေရာမှာ အစားထိုးဖို့ ဇူလိုင်လအတွင်းမှာတင် လေးနှစ်သက်တမ်းရှိ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါမှာ ဒေါ့မွန်၊ မိန့်ဇ်တို့နဲ့အတူ အောင်မြင်မှုတွေ ရယူခဲ့တဲ့ ကလော့ပ်က ဂျာမနီဘောလုံးအဖွဲ့ချုပ်ရဲ့ဦးစားပေးပစ်မှတ် ဖြစ်ခဲ့ပြီး နာဂယ်စ်မန်းထွက်ခွာသွားချိန် သူ့ကို အလျင်အမြန် ခေါ်ယူခဲ့ပါတယ်။
အသက် ၅၉ နှစ်အရွယ်နည်းပြကြီးက လီဗာပူးမှထွက်ခွာလာပြီးနောက် Red Bull အုပ်စုရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲအဖြစ် တာဝန်ယူခဲ့ပြီး အခုတော့ ၂၀၃၀ ပြည့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲအထိ သက်တမ်းရှိနေမယ့် စာချုပ်နဲ့အတူ နည်းပြခုံတန်းဆီ ပြန်ရောက်လာပါပြီ။
လက်ရွေးစင်အသင်းနည်းပြဘ၀ပထမဆုံးနေ့ကို အောင်အောင်မြင်မြင်ဖြတ်သန်းပြီးနောက် ကလော့ပ်က သူ့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာအချို့ကို လူမှုကွန်ရက်မှတဆင့် မျှဝေခဲ့ပါတယ်။ နည်းပြရာထူးနဲ့ပတ်သက်လို့ သူ
ပထမဆုံးနေ့ တာဝန်တွေကို ပြီးဆုံးပြီးနောက်မှာ ကလော့ပ်က သူ့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာ တချို့ကို လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
ယာဂန်ကလော့ပ်က "အစကောင်းခဲ့ပါတယ်။ ကျွန်တော်တို့နဲ့တွေ့ခဲ့တဲ့ ဝန်ထမ်းတွေ အားလုံးက တကယ့်ကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြလို့ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီနေရာက ကျွန်တော့်အတွက် မစိမ်းသလို ခံစားရတယ်ဆိုတာ တကယ်ကောင်းပါတယ်" လို့ သူက ဆိုပါတယ်။ "ကမ္ဘာ့ဖလားမှာ ရလဒ်မကောင်းခဲ့လို့ အရာရာကို အစကနေ အသစ်ပြန်စရမယ်လို့ ထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုလုပ်စရာ လုံးဝမလိုပါဘူး" လို့လည်း သူက ပြောပါတယ်။
အဲဒီနောက်မှာ ကလော့ပ်က သူ တာဝန်ယူရမယ့် အဓိကအပိုင်းနှစ်ခုကို ပြောပြခဲ့ပါတယ်။ "ပထမဆုံးတော့ လက်ရွေးစင်အသင်းကြီးပါပဲ။ ဒုတိယတော့ ကျန်တဲ့ အရာအားလုံးပေါ့။ ကံကောင်းတာက ဒါက ခဏတဖြုတ်စမ်းသပ်ကြည့်တာမျိုး မဟုတ်ဘဲ နှစ်အနည်းငယ်ကြာတဲ့အထိ ရေရှည်အတွက် ရည်ရွယ်ထားတယ်ဆိုတာပါပဲ။ အခုတော့ ကျွန်တော်တို့ အလုပ်စလုပ်လို့ ရပါပြီ" လို့ ဆိုပါတယ်။
ယူရို ၂၀၂၈ ပြိုင်ပွဲအတွက်ပြင်ဆင်နေတဲ့ ကလော့ပ်က ဂျာမနီနည်းပြဘ၀ ပထမဆုံးပွဲဦးထွက်အဖြစ် လာမယ့်စက်တင်ဘာ ၂၄ ရက်၊ နေရှင်းလိဂ်ပြိုင်ပွဲမှာ နယ်သာလန်အသင်းနဲ့ ရင်ဆိုင်သွားရပါမယ်။