The network connection is lost.

Banner Image

ရက်ရှ်ဖို့ဒ်ရဲ့ယူနိုက်တက်ကစားသမားဘ၀ အနာဂတ်နဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားလိုက်တဲ့ မိုက်ကယ်ကာရစ်

မန်ချက်စတာယူနိုက်တက်နည်းပြမိုက်ကယ်ကာရစ်က အသင်းလူစာရင်းမှာ မားကပ်စ်ရက်ရှ်ဖို့ဒ် ပြန်ပါဝင်လာနိုင်တယ်လို့ နောက်တစ်ကြိမ် အရိပ်အမြွက်ပြောဆိုလိုက်ပါတယ်။

အသက် ၂၈ နှစ်အရွယ်ကစားသမားက သူ့ရဲ့ငယ်ဘ၀ကလပ်အသင်းနဲ့ ၁၈ လနီးပါး ဝေးကွာနေခဲ့ပါတယ်။ အစပိုင်းမှာတော့ သူက အက်စတွန်ဗီလာဆီ အငှားထွက်ကစားခဲ့သလို ပြီးခဲ့တဲ့နွေရာသီမှာလည်း ဘာစီလိုနာဆီ အငှားဖြင့် ထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။

ဘာစီလိုနာက ရက်ရှ်ဖို့ဒ်ကို ပေါင် ၂၆ သန်းဖြင့် အပြီးသတ်ဝယ်ယူနိုင်မယ့် အခွင့်အရေး ရှိခဲ့ပေမဲ့ ဒီအခွင့်အရေးကို အသုံးမပြုဖို့ ဆုံးဖြတ်ခဲ့ပြီး နယူးကာဆယ်ကြယ်ပွင့် ဂေါ်ဒွန်ကိုပဲ အပြီးသတ်ခေါ်ယူခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးကို ခေါ်ယူမယ့်အသင်း မရှိသေးလို့ နည်းပြကာရစ်ရဲ့လက်အောက်ဆီ ပြန်လည်ရောက်ရှိလာပါတယ်။ ရက်ရှ်ဖို့ဒ်ကလည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ယူနိုက်တက်အသင်းရဲ့ရာသီကြိုလေ့ကျင့်မှုအစီအစဉ်ဆီ ပြန်လည်ပူးပေါင်းလာပါတယ်။

ဗုဒ္ဓဟူးနေ့၊ ဒဗ္ဗလင်မှာကစားခဲ့တဲ့ လိဒ်ယူနိုက်တက်နဲ့ပွဲစဉ်အပြီး ကာရစ်က ရက်ရှ်ဖို့ဒ်မှာ သရဲနီတွေအတွက် မတူညီတဲ့ပုံစံတစ်မျိုး ပေးနိုင်တဲ့အစွမ်းအစ ရှိတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

"ရက်ရှ်ဖို့ဒ်ဆိုတာ ကျွန်တော်တို့ ကစားသမားပါပဲ။ တခြားသူတွေလိုပဲ သူလည်း အခြေအနေကောင်းကောင်းနဲ့ ပြန်ရောက်လာပါတယ်။ ကျွန်တော် သူ့ကို သိလာတာ အချိန်အတော်ကြာပြီဖြစ်သလို သူကိုယ်တိုင်လည်း ကျွန်တော်တို့အတွက် မတူကွဲပြားတဲ့ပုံစံတစ်မျိုး ပေးစွမ်းနိုင်ပါတယ်။ သူပြန်ရောက်လာတဲ့ နှစ်ရက်သုံးရက်အတွင်းမှာတင် တကယ်ကို စိတ်အားတက်ကြွနေတာကို မြင်တွေ့ရပါတယ်" လို့ ကာရစ်က ဆိုပါတယ်။