The network connection is lost.

Banner Image

ဘူအာဒီအပြောင်းအရွှေ့အတွက် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့တဲ့ မန်စီးတီး

အာယွတ်ဘူအာဒီက အခုနွေရာသီမှာပဲ မန်စီးတီးဆီပြောင်းရွှေ့ဖို့ ပြင်ဆင်နေပြီး လက်ရှိကလပ်အသင်းဖြစ်တဲ့ လိုင်လီမှထွက်ခွာဖို့ စိတ်အားထက်သန်နေပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုအသင်းနဲ့အတူ ပြသခဲ့တဲ့ ခြေစွမ်းပိုင်းကြောင့် ဘူအာဒီကို ပရီးမီးယားလိဂ်ရာသီသစ်မစတင်ခင် အပြီးသတ်ခေါ်ယူနိုင်ဖို့ မန်စီးတီးက အပြင်းအထန် ကြိုးစားနေပါတယ်။

လွန်ခဲ့တဲ့သီတင်းပတ်အတွင်း မန်စီးတီးက အပြောင်းအရွှေ့အပြီးသတ်နိုင်ဖို့ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး အခုဆိုရင် နောက်ဆုံးအဆင့်ဆီ ရောက်ရှိနေပြီလို့ သိရပါတယ်။ ဒါက ဘာစီလိုနာဆီပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတဲ့ ရိုဒရီရဲ့နေရာမှာ အစားထိုးမယ့် စိတ်လှုပ်ရှားစရာ အလှည့်အပြောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ရိုဒရီရဲ့အပြောင်းအရွှေ့ကိုလည်း အခုသီတင်းပတ်နှောင်းပိုင်းမှာ အတည်ပြုနိုင်ဖွယ် ရှိပါတယ်။

နော်တင်ဟမ်ဖောရက်စ်ကြယ်ပွင့်အန်ဒါဆန်ကို ပေါင် ၁၁၆ သန်းဖြင့် ခေါ်ယူပြီးနောက် ဘူအာဒီကိုပါ ထပ်မံခေါ်ယူလိုက်မယ်ဆိုရင် မန်စီးတီးက အခုနွေရာသီမှာ ကစားသမားသစ်နှစ်ဦးအတွက် အသုံးစရိတ် ပေါင်သန်း ၂၀၀ အထိ ရှိလာပါလိမ့်မယ်။ ဒါက နည်းပြဟောင်းပက်ဂွါဒီယိုလာရဲ့နေရာကို အစားဝင်ဖို့ကြိုးစားနေတဲ့ နည်းပြသစ်မာရက်စ်ကာရဲ့ရည်မှန်းချက်ကို ပြသရာရောက်ပါတယ်။

အပြောင်းအရွှေ့ကျွမ်းကျင်သူဖာဘရီဇီယိုရိုမာနိုက ဒီအပြောင်းအရွှေ့ ပြီးမြောက်ဖို့ နီးစပ်နေပြီဆိုတာနဲ့ ဘူအာဒီကိုယ်တိုင်လည်း ဒီလှုပ်ရှားမှုကို အမြန်ဆုံးအပြီးသတ်ချင်နေတယ်လို့ ဆိုပါတယ်။ "ဘူအာဒီနဲ့ သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့က မန်စီးတီးနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိသွားပါပြီ။ နောက်တစ်ဆင့်အဖြစ် မန်စီးတီးက လိုင်လီအသင်းနဲ့ အပြီးသတ်ဆွေးနွေးသွားဖို့ ရှိပြီး ဘူအာဒီကိုယ်တိုင်ကတော့ ၂၀၂၇ ခုနှစ်အထိ မစောင့်ဆိုင်းဘဲ အခုချက်ချင်းပဲ မန်စီးတီးဆီ ပြောင်းရွှေ့ချင်နေပါတယ်" လို့ ရိုမာနိုက ပြောပါတယ်။

လိုင်လီအသင်းကတော့ ဒီမော်ရိုကိုလက်ရွေးစင်ကစားသမားအတွက် ယူရို သန်း ၁၀၀ (ပေါင် ၈၆ သန်း) အလိုရှိနေပါတယ်။ ဒါပေမဲ့ သတင်းတွေအရ မန်စီးတီးက ယူရိုသန်း ၇၀ မှ သန်း ၈၀ ကြား သဘောတူညီမှုရရှိဖို့ ညှိနှိုင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဘိုအာဒီက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ လီဂူးဝမ်းနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ ၃၅ ပွဲ ပွဲထွက်ကစားခဲ့ပြီး ၅ ပွဲမှာ လူစားဝင်ကစားခဲ့ပါတယ်။ ဒါ့အပြင် သူက အသက် ၁၈ နှစ်အရွယ်မှာတင် မော်ရိုကိုလက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၅ ပွဲအထိ ပွဲထွက်ကစားခဲ့ပါတယ်။