ဝေဖန်မှုတွေထွက်ပေါ်လာပြီးနောက် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တွေအပေါ် ကာကွယ်ပြောဆိုလိုက်တဲ့ ဖီဖာ
ဖီဖာက ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တွေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ထွက်ပေါ်ခဲ့ပြီးနောက် လက်ရှိစီမံကိန်းတွေအပေါ် ကာကွယ်ပြောဆိုလိုက်ပါတယ်။
ကမ္ဘာ့ဖလားဆိုင်ရာမူပိုင်ခွင့်တွေ ရောင်းချမယ့်အစီအစဉ်အပေါ် ဥရောပနိုင်ငံတွေက တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြပြီးနောက် လူမုန်းများနေတဲ့ ဒီအဆိုပြုချက်ကို ကာကွယ်တဲ့အနေနဲ့ ဖီဖာက သောကြာနေ့မှာ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။
ဖီဖာရဲ့ထုတ်ပြန်ချက်မှာတော့“ပြည်သူတွေကြား ထွက်ပေါ်နေတဲ့ တုံ့ပြန်မှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို ကျွန်တော်တို့ လေးစားပါတယ်။ ပွင့်လင်းပြီး ဒီမိုကရေစီဆန်တဲ့ ဆွေးနွေးတိုင်ပင်မှုတွေ ပြုလုပ်သွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကိုလည်း ထပ်လောင်းအတည်ပြုပါတယ်။
အဖွဲ့ဝင်တွေနဲ့ အသင်းအဖွဲ့တိုင်းက အချက်အလက်တွေပေါ် အခြေခံပြီး မဲပေးပိုင်ခွင့် ရရှိစေဖို့အတွက် ဒီဆွေးနွေးတိုင်ပင်မှု လုပ်ငန်းစဉ်ကို ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သွားပါမယ်။
ဘောလုံးလောကကို ဘယ်သူကမှ ရောင်းစားနေတာ မဟုတ်ပါဘူး။ ဒါက ဖီဖာနေနဲ့ ဘယ်တုန်းကမှ လုပ်ဆောင်မှာမဟုတ်တဲ့ ကိစ္စတစ်ခုပါ။" လို့ ဖော်ပြထားပါတယ်။
CONCACAF ကလည်း ဒီအဆိုပြုချက် အကြံဉာဏ်ကို ငြင်းပယ်ခဲ့ပြီး “သက်ဆိုင်ရာ FIFA အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ စိစစ်မှု ဒါမှမဟုတ် အတည်ပြုချက် မပါဝင်တာနဲ့ ပတ်သက်လို့ အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း” ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
၂၀၁၆ ခုနှစ် ဖီဖာဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ အင်ဖန်တီနိုကို ရှုံးနိမ့်ခဲ့ကတည်းက မဟာမိတ်ဖြစ်ခဲ့သူ ၡိခ်ဆယ်လ်မန်ကလည်း “အခုလို အစပျိုးမှုမျိုးက အဖွဲ့ချုပ်အားလုံးရဲ့ထောက်ခံမှုမပါဘဲ အောင်မြင်မှာ မဟုတ်ပါဘူး။ အခု အဲဒီလိုထောက်ခံမှုမျိုး မရှိပါဘူး” လို့ ရေးသားခဲ့ပါတယ်။
ပရီးမီးယားလိဂ်၊ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)၊ ဝန်ကြီးချုပ် အန်ဒီဘန်ဟမ်နဲ့ တခြားသော အဖွဲ့ချုပ်တွေ၊ နာမည်ကြီး ပုဂ္ဂိုလ် အများအပြားက ဖီဖာရဲ့ အစီအစဉ်တွေကို လှောင်ပြောင်ခဲ့ကြပါတယ်။
ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ကနဦး အမေရိကန်ဒေါ်လာ သန်း ၂၀ ကို ရချင်တယ်ဆိုရင်တော့ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး စက်တင်ဘာ ၁၉ ရက်နေ့မတိုင်ခင် အဆုံးအဖြတ် ပေးရတော့မှာ ဖြစ်ပါတယ်။