The network connection is lost.

Banner Image

လီဗာပူးအသင်းရဲ့နွေရာသီအပြောင်းအရွှေ့အစီအစဉ်တွေကြောင့် အသင်းပရိသတ်တွေ ဒေါသူပုန်ထနိုင်

လီဗာပူးအသင်းက မကြာသေးမီနှစ်တွေအတွင်း သူတို့အတွက် အရေးအကြီးဆုံးဖြစ်လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလတစ်ခုကို ရင်ဆိုင်သွားရပါတော့မယ်။

အသင်းရဲ့ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ မိုဆာလက်နဲ့ ရောဘတ်ဆန်တို့ထွက်ခွာဖို့ သေချာနေသလို ကာတစ်ဂျုံးစ်၊ အလီဆင်နဲ့ ဂိုးမက်ဇ်တို့လည်း အန်ဖီးလ်မှ ထွက်ခွာသွားနိုင်ခြေ ရှိနေပါတယ်။

အသင်းအတွက် မိုဆာလက်ရဲ့နေရာအစားထိုးဖို့ဆိုတာ အငြင်းပွားဖွယ်မရှိ အရေးအကြီးဆုံးကိစ္စဖြစ်ပြီး နည်းပြအန်းစလော့ကိုယ်တိုင်လည်း အနည်းဆုံးဂိုးသွင်းနိုင်စွမ်းရှိတဲ့ တောင်ပံကစားသမားတစ်ဦးကို ခေါ်ယူသွားပါလိမ့်မယ်။

ဒါပေမဲ့ Daily Mail ရဲ့ဖော်ပြချက်အရ ပြီးခဲ့တဲ့နွေရာသီမှာ ကစားသမားသစ်တွေအတွက် ပေါင်သန်း ၄၀၀ ကျော်အထိ အသုံးပြုခဲ့လို့ အခုလာမယ့်အပြောင်းအရွှေ့ကာလမှာတော့ လီဗာပူးအသင်းက "ငွေကြေးအလုံးအရင်း သုံးစွဲသွားဖို့ မရှိဘူး" လို့ သိရပါတယ်။

ဒီသတင်းက ၂၀၂၆-၂၇ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဖလား သို့မဟုတ် ချန်ပီယံလိဂ်ဖလားပါ စိန်ခေါ်နိုင်ဖို့အတွက် လူစာရင်းကို အကြီးအကျယ်ပြင်ဆင်ပြောင်းလဲရန် လိုလားနေတဲ့ ပရိသတ်တွေကို စိတ်ပျက်စေခဲ့တယ်။

အန်းစလော့က အသုံးပြုခဲ့တဲ့ ငွေကြေးပမာဏနဲ့စာရင် ရလဒ်ပိုင်းမှာ အောင်မြင်မှု သိပ်မရခဲ့ဘူးလို့ ဆိုနိုင်ပေမဲ့ ဒီရာသီအပြီးမှာလည်း အန်ဖီးလ်မှာ ဆက်ရှိနေမယ်လို့ အတည်ပြုပြီးနောက်ပိုင်း ကစားသမားသစ် ခေါ်ယူရေး အစီအစဉ်တွေမှာ ပါဝင်လုပ်ဆောင်နေပါတယ်။

90min ရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းက မိုဆာလက်ရဲ့နေရာမှာ အစားထိုးနိုင်သူအဖြစ် လိုက်ပ်ဇစ်ကစားသမားယန်ဒီယိုမန်ဒီကို ချိတ်ဆက်နေပြီး ဗန်ဒိုက်ရဲ့နေရာကို ဆက်ခံမယ့်သူအဖြစ် ဘင်ဖီကာဗဟိုနောက်ခံလူ အန်တိုနီယိုဆေးလ်ဗားကို မျက်စိကျနေတယ်လို့ သိရပါတယ်။