The network connection is lost.

Banner Image

ဘောလုံးကို အသုံးချကာ ကိုယ်ကျိုးစီးပွားကြွယ်၀ချမ်းသာရေးလုပ်ဆောင်နေတဲ့ ဖီဖာလို့ ယူအီးအက်ဖ်အေဝေဖန်

ကမ္ဘာ့အကြီးဆုံးဘောလုံးအုပ်ချုပ်ရေးအဖွဲ့အစည်းကြီး နှစ်ခုအကြား အခြေအတင် အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

ကမ္ဘာ့ဖလားအပါအဝင် အနာဂတ်ရဲ့ နိုင်ငံတကာအဆင့်အဓိကဘောလုံးပြိုင်ပွဲတွေအတွက် ရန်ပုံငွေကို ဘယ်လိုမျိုးရှာဖွေသွားမလဲဆိုတာနဲ့ ပတ်သက်လို့ ဖီဖာရဲ့အငြင်းပွားဖွယ်ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် အခုပြဿနာ စတင်လာခဲ့ပါတယ်။

ဖီဖာက သူတို့ရဲ့အဓိကပြိုင်ပွဲတွေကို စီမံခန့်ခွဲဖို့အတွက် စီးပွားရေးဆိုင်ရာကုမ္ပဏီခွဲတစ်ခု  အသစ်တည်ထောင်ပြီး အဲဒီကုမ္ပဏီမှာ ပြင်ပရင်းနှီးမြှုပ်နှံသူတွေကို ရှယ်ယာတွေဝယ်ယူဖို့ ခွင့်ပြုပေးသွားချင်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အားကစားနဲ့မသက်ဆိုင်တဲ့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေရဲ့လွှမ်းမိုးမှုတွေ ပါဝင်လာမယ့်အရေးကို စိုးရိမ်နေလို့ ယူအီးအက်ဖ်အေက အဖွဲ့ဝင် ၅၅ နိုင်ငံနဲ့အတူ အရေးပေါ်အစည်းအဝေးတစ်ခုကို အခုသီတင်းပတ်မှာကျင်းပဖို့ ချက်ချင်းဆုံးဖြတ်ခဲ့ပါတယ်။

ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုကတော့ အဖွဲ့ဝင်နိုင်ငံတွေဆီကို ဆက်သွယ်ပြီး သူ့ရဲ့စီမံကိန်းကို ထောက်ခံမယ်ဆိုရင် တစ်နိုင်ငံလျှင် အမေရိကန်ဒေါ်လာသန်း ၄၀ စီ ပေးမယ်လို့ အတည်ပြု ကမ်းလှမ်းထားပါတယ်။ အစောပိုင်းထောက်ပံ့ကြေး ဒေါ်လာ သန်း ၂၀ ကို ရယူချင်ရင်တော့ စက်တင်ဘာ ၁၉ ရက်နေ့ထက် နောက်မကျဘဲ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အပေါ် လက်ခံတယ်ဆိုတာ အကြောင်းပြန်ပေးရပါလိမ့်မယ်။

ယူအီးအက်ဖ်အေကတော့ တရားစွဲဆိုမယ့်ကိစ္စအပါအဝင် ရွေးချယ်စရာနည်းလမ်းတွေကို စဉ်းစားနေပြီး ဖီဖာကို ပြတ်ပြတ်သားသား ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ 

ယူအီးအက်ဖ်အေက "ဖီဖာရဲ့စီမံကိန်းအပေါ် ကန့်ကွက်မှုတွေ အများကြီးရှိနေတယ်ဆိုတာ ယူအီးအက်ဖ်အေက သိထားပါတယ်။ ဖီဖာက ဘောလုံးအားကစားကို အသုံးချပြီး သူတို့ကိုယ်သူတို့ ကြွယ်၀ချမ်းသာလာအောင် လုပ်နေတဲ့ကိစ္စအပေါ် ဆက်ပြီးခွင့်ပြုပေးလို့ မရတော့ပါဘူး။ ယူအီးအက်ဖ်အေကတော့ ဒီအားကစားကို နည်းမှန်လမ်းမှန်နဲ့ပဲ ဆက်ပြီးတိုးတက်အောင် လုပ်ဆောင်သွားနိုင်ပါတယ်" လို့ တရားဝင်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။