The network connection is lost.

Banner Image

နော်ဝေကြယ်ပွင့်နူဆာကို ခေါ်ယူဖို့ မြောက်လန်ဒန်ပြိုင်ဘက် အာဆင်နယ်နဲ့ တော့တင်ဟမ်တို့ အပြိုင်အဆိုင်ဖြစ်နေ

မြောက်လန်ဒန်ပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ တော့တင်ဟမ်အသင်းတို့က လိုက်ပ်ဇစ်လူငယ်ကြယ်ပွင့်နူဆာကို ခေါ်ယူဖို့အတွက် အပြိုင်အဆိုင်ကြိုးပမ်းသွားဖို့ အသင့်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၂၁ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ဂျာမန်ကလပ်အသင်းအတွက် ၃၅ ပွဲကစားပေးခဲ့ပြီး ၅ ဂိုးသွင်း၊ ဂိုးဖန်တီးမှု လေးကြိမ်ပြုလုပ်နိုင်ခဲ့လို့ အောင်မြင်တဲ့ ရာသီတစ်ခုကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။

အခုလိုခြေစွမ်းကောင်းတွေကြောင့် နူဆာက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နော်ဝေလက်ရွေးစင်အသင်းမှာ ရွေးချယ်ခံပြီး ၃၂ သင်းရှုံးထွက်အဆင့်မှာ အိုင်ဗရီကို့စ်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

The Sun သတင်းဌာနရဲ့ဖော်ပြချက်အရ မြောက်လန်ဒန်ပြိုင်ဘက်အသင်းနှစ်ခုလုံး လူငယ်ကစားသမားရဲ့အခြေအနေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

လိုက်ပ်ဇစ်ဘက်ကတော့ နူဆာအတွက် ပေါင် ၅၁ သန်းအောက်ဖြင့် ရောင်းချဖို့ စိတ်ကူးမရှိပါဘူး။ သူ့ကို အရင်တုန်းကလည်း ရိုးမားနဲ့ အေစီမီလန်တို့က စိတ်ဝင်စားခဲ့ဖူးပါတယ်။