ပြင်သစ်ကို အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ အင်္ဂလန်အသင်းရဲ့ စံချိန်သစ်ကို တင်နိုင်ခဲ့တဲ့ ဒီကလန်ရိုက်စ်
၂၀၂၆ ဖီဖာကမ္ဘာ့ဖလား တတိယနေရာလုပွဲမှာ အင်္ဂလန်အသင်းက ပြင်သစ်အသင်းကို ၆ ဂိုး ၄ ဂိုးနဲ့ အနိုင်ရရှိပြီး တတိယနေရာကို သိမ်းပိုက်နိုင်ခဲ့တဲ့ ပွဲစဉ်မှာ ဒီကလန်ရိုက်စ်က စံချိန်တင် ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
အာဆင်နယ်ကွင်းလယ်လူဟာ အင်္ဂလန်အသင်းကို ပထမဆုံးအကြိမ်အဖြစ် ခေါင်းဆောင်ခွင့်ရရှိခဲ့တဲ့ ဒီပြိုင်ပွဲမှာ ပွဲစလို့ ၂ မိနစ်နဲ့ ၁၄ စက္ကန့်မှာတင် အဖွင့်ဂိုးကို သွင်းယူပေးခဲ့သလို၊ နောက်ထပ် အက်ဇရီ ကွန်ဆာ သွင်းယူခဲ့တဲ့ ဂိုးအတွက်လည်း ဖန်တီးပေးခဲ့ပါတယ်။ ဒါဟာ အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ် တာဝန်ယူကစားပေးရင်း ဂိုးသွင်းယူနိုင်သလို ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်တဲ့ ပထမဆုံးသော ကစားသမား ဖြစ်လာစေခဲ့ပါတယ်။
ဒါ့အပြင် ဒီသွင်းဂိုးဟာ ၁၉၈၂ ခုနှစ်မှာ ပြင်သစ်အသင်းနဲ့ ကစားခဲ့တုန်းက ဘရိုင်ယန်ရော့ဘ်ဆင် သွင်းယူခဲ့တဲ့ ဂိုးပြီးရင် အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဒုတိယမြောက် အမြန်ဆုံးသွင်းဂိုးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
နိုင်ငံတကာပွဲပေါင်း ၈၀ ပြည့်မြောက်ခဲ့တဲ့ ဒီကလန်ရိုက်စ်ဟာ အလန်ရှီးယား၊ ဒေးဗစ်ဘက်ခမ်း၊ စတီဗင်ဂျရတ်နဲ့ ဟာရီကိန်းတို့ပြီးရင် အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပွဲမှာ ကစားရင်း ဂိုးသွင်းနိုင်ခြင်း သို့မဟုတ် ဂိုးဖန်တီးနိုင်ခြင်း စတဲ့ တိုက်ရိုက်ဂိုးပါဝင်ပတ်သက်မှု ရှိခဲ့တဲ့ အင်္ဂလန်အသင်းခေါင်းဆောင်စာရင်းထဲမှာ ပါဝင်လာခဲ့တာပါ။
၂၀၁၈ ခုနှစ်တုန်းက ဂိုး ၂ ဂိုးမှာ ပါဝင်ပတ်သက်မှုရှိခဲ့တဲ့ ဟာရီကိန်း တစ်ဦးတည်းသာလျှင် ဒီကလန်ရိုက်စ်ရဲ့ အခုလို အံ့အားသင့်စရာကောင်းတဲ့ စံချိန်နဲ့ တူညီတဲ့သူအဖြစ် ရှိနေပါတယ်။