မိုဆာလက်ရဲ့နေရာကို အစားထိုးဖို့ ရည်ရွယ်ထားတဲ့ ဒီအိုမန်ဒီနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိဖို့ လီဗာပူးအသင်းဆွေးနွေးနေ
လီဗာပူးအသင်းက ဒီအိုမန်ဒီနဲ့ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ဒီကစားသမားကိုယ်တိုင်ကလည်း အန်ဖီးလ်ဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။
အသင်းရဲ့အမာခံကစားသမားမိုဆာလက် ထွက်ခွာသွားဖို့ရှိနေလို့ လီဗာပူးအသင်းက အခုနွေရာသီမှာ အသတိုက်စစ်ပိုင်းအတွက် ငွေကြေးအမြောက်အများအသုံးပြုပြီး အားဖြည့်သွားဖို့ ပြင်ဆင်နေပါတယ်။
Sport သတင်းဌာနရဲ့ဖော်ပြချက်အရ အသက် ၁၉ နှစ်အရွယ်ဒီအိုမန်ဒီက လီဗာပူးအသင်းရဲ့ အဓိကပစ်မှတ်ဖြစ်ပြီး လက်ရှိမှာတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိဖို့အတွက် ပရီးမီးယားလိဂ်ကလပ်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ချန်ပီယံလိဂ်ဖလားရှင်ပီအက်စ်ဂျီရဲ့စိတ်ဝင်စားမှု ရှိနေပေမဲ့ ဒီတောင်ပံကစားသမားကတော့ အန်ဖီးလ်ကို ပြောင်းရွှေ့ဖို့ပဲ ပိုပြီးဆန္ဒရှိနေတယ်လို့ သတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။
ဒီအိုမန်ဒီက ဥရောပရဲ့ လူကြိုက်အများဆုံးလူငယ်ခြေတက်တွေအနက် တစ်ဦးဖြစ်ပြီး လိုက်ပ်ဇစ်အတွက် ၃၆ ပွဲကစားရာမှာ ၁၃ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှုကိုးကြိမ် ပြုလုပ်ခဲ့ပါတယ်။