The network connection is lost.

Banner Image

ကမ္ဘာ့ဖလားမှာရခဲ့တဲ့ဒဏ်ရာကြောင့် ကာလရှည်အနားယူရမယ့် ဆာလီဘာ

အာဆင်နယ်နဲ့ ပြင်သစ်အသင်းရဲ့ နောက်ခံလူ ဝီလျံ ဆာလီဘာဟာ ကွင်းပြင်ပမှာ အချိန်အတော်ကြာ အနားယူရဖို့ ရှိနေပါတယ်။ အသက် ၂၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဆာလီဘာဟာ အာဆင်နယ်နဲ့ ပြင်သစ်လက်ရွေးစင်အသင်းမှာ ကစားနေတဲ့ လအတော်ကြာကာလပတ်လုံး သူ့ရဲ့ နာတာရှည် ကျောရိုးနာကျင်မှုဝေဒနာကို အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးပြီး လေ့ကျင့်ခန်း အနည်းငယ်စီသာ ပြုလုပ်ကာ ထိန်းသိမ်းကစားလာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ကစားခဲ့တဲ့ ပြင်သစ်နဲ့ စပိန်တို့ရဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဆာလီဘာဟာ ပြင်းထန်တဲ့ နာကျင်မှုကြောင့် ကွင်းထဲမှာ လဲကျသွားခဲ့ပြီး သူ့ရဲ့ ခံစစ်အတွဲဖော် ဒါးယော့ အူပါမီကာနိုကို "ငါ ဒါကို ဆက်ပြီး မတောင့်ခံနိုင်တော့ဘူး၊ ငါ့ကျောရိုးကြီး သေသွားပြီ" လို့ ပြောခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။ L’Equipe သတင်းစာရဲ့ ဖော်ပြချက်အရ ဒီဗဟိုနောက်ခံလူဟာ လာမယ့်ရာသီရဲ့ ပွဲစဉ်အတော်များများကို လွဲချော်ရဖို့ ရှိနေပြီး အခုအခါမှာတော့ ကျောရိုးခွဲစိတ်ကုသမှု ခံယူဖို့က အဖြစ်နိုင်ဆုံး အခြေအနေ ဖြစ်လာပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ သူ့ကို ၄ လကနေ ၅ လဝန်းကျင်အထိ လက်လွှတ်ရဖို့ ပြင်ဆင်နေပြီး သူ့နေရာမှာ အစားထိုးဖို့အတွက် အပြောင်းအရွှေ့စျေးကွက်ထဲမှာ ကစားသမားသစ် ရှာဖွေတာမျိုးတောင် လုပ်ဆောင်လာနိုင်ပါတယ်။