The network connection is lost.

Banner Image

အိုလီဗာဝုဒ်ကို ပထမဆုံးသော ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုလိုက်တဲ့ လိဒ်ယူနိုက်တက်

လိဒ်ယူနိုက်တက်အသင်းရဲ့ အကယ်ဒမီဂိုးသမား အိုလီဗာဝုဒ်ဟာ အသင်းနဲ့အတူ သူ့ရဲ့ ပထမဆုံးသော ပရော်ဖက်ရှင်နယ်စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။

အသက် ၁၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝုဒ်ဟာ နှစ်နှစ်သက်တမ်းရှိတဲ့ စာချုပ်ကို သဘောတူညီခဲ့တာဖြစ်ပြီး သော့ပ်အာ့ချ် (Thorp Arch) လေ့ကျင့်ရေးကွင်းမှာ သူ့ရဲ့ အရည်အချင်းတွေကို ဆက်လက်ပျိုးထောင်သွားမှာ ဖြစ်ပါတယ်။

ဝုဒ်ဟာ ပြီးခဲ့တဲ့ရာသီက ရော့ဘ်အက်သာရင်တန်ရဲ့ အသက် ၁၈ နှစ်အောက်အသင်းမှာ ၁၂ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး အကောင်းဆုံးလက်စွမ်းတွေ အကြိမ်ကြိမ်ပြသနိုင်ခဲ့တာကြောင့် အားလုံးကို အထင်ကြီးစေခဲ့သူ ဖြစ်ပါတယ်။

"တကယ်ကို ဝမ်းသာမိပါတယ်၊ ကျွန်တော် အသက် ၁၀ နှစ်သားကတည်းက ဒီမှာရှိနေခဲ့တာပါ၊ ဒါဟာ ကျွန်တော့်ရဲ့ ပန်းတိုင်တစ်ခုလည်း အမြဲတမ်းဖြစ်ခဲ့ပါတယ်။ အခုလို အခွင့်အရေးရတာ ဂုဏ်ယူစရာဖြစ်ပြီး နောင်မှာလည်း အခုလို အောင်မြင်မှုတွေ အများကြီး ရရှိလာဖို့ မျှော်လင့်ပါတယ်" လို့ ဝုဒ်က ပြောပါတယ်။

"ကျွန်တော် ငယ်ငယ်က အသက် ၁၀ နှစ်၊ ၁၁ နှစ်၊ ၁၂ နှစ်အောက် အသင်းတွေမှာတုန်းက အမြဲတမ်း ရှုံးပွဲမရှိတဲ့ အသင်းဖြစ်ခဲ့တာကို မှတ်မိနေပါသေးတယ်။ ဖူဆယ်ဗိုလ်လုပွဲတွေမှာလည်း နှစ်ကြိမ်ဆက်တိုက် ဗိုလ်စွဲခဲ့ဖူးပါတယ်"

"ကျွန်တော်တို့အားလုံး ကြီးပြင်းလာကြပြီး ကိုယ့်လမ်းကိုယ် လျှောက်လှမ်းနေကြပေမဲ့ ကျွန်တော်တို့ထဲက အများစုကတော့ အခုထိ အတူတူရှိနေကြဆဲပါ၊ ဒါကြောင့် သူငယ်ချင်းတွေ အများကြီး ကျွန်တော်တို့နဲ့အတူ ရှိနေသေးတာဟာ ကောင်းတဲ့အချက်ပါပဲ"

"အသင်းသားတွေ အားလုံးနဲ့ အတူတူ ဖြတ်သန်းလာတဲ့အခါမှာတော့ ကျွန်တော်တို့ကြားက သံယောဇဉ်တွေဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီး ခိုင်မြဲလာတယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။