The network connection is lost.

Banner Image

မန်စီးတီးကို ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်မှုခံယူနေတဲ့ အသက် ၁၆ နှစ်အရွယ် ဂျေရမီ မွန်ဂါ

ဂျေရမီ မွန်ဂါဟာ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ဖို့အတွက် ဒီနေ့မှာ ဆေးစစ်မှုတွေ ခံယူနေပြီဖြစ်တာကြောင့် အပြောင်းအရွှေ့က မကြာခင်မှာ အပြီးသတ်တော့မှာ ဖြစ်ပါတယ်။

ခြေစွမ်းပြနေတဲ့ အသက် ၁၆ နှစ်အရွယ် တောင်ပံကစားသမားလေးဟာ လက်စတာစီးတီးအသင်းကနေ မန်စီးတီးကို ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းနဲ့ လက်မှတ်ထိုးဖို့ ရှိနေပါတယ်။

အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ နှစ်သင်းကြားမှာ ပြီးခဲ့တဲ့အပတ်ကတည်းက သဘောတူညီမှု ရခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ အပြောင်းအရွှေ့ကိစ္စတွေ အားလုံး အပြီးသတ်မှာ ဖြစ်ပါတယ်။

ဒီလူငယ်ကစားသမားလေးဟာ ပြီးခဲ့တဲ့ရာသီက လက်စတာအသင်းအတွက် ၂၇ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ၁ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပေမဲ့ လက်စတာအသင်းကတော့ အင်္ဂလန် ချန်ပီယံရှစ်လိဂ်ကနေ တန်းဆင်းသွားခဲ့ရပါတယ်။

မွန်ဂါဟာ နော်တင်ဟမ်ဖောရက်စ်ကနေ ပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတဲ့ အီလီယော့ အန်ဒါဆန်နဲ့ ထရိုင်စ်အသင်းက အသက် ၁၉ နှစ်အရွယ် တောင်ပံကစားသမား မက်သစ် ဒီတိုဘတ်တို့ပြီးရင် နည်းပြသစ် အန်ဇိုမာရက်စကာရဲ့ လက်ထက်မှာ တတိယမြောက် ခေါ်ယူတဲ့ ကစားသမား ဖြစ်လာမှာ ဖြစ်ပါတယ်။