The network connection is lost.

Banner Image

ဒရာဂူဆင်ကိုခေါ်ယူဖို့ တော့တင်ဟမ်နဲ့ သဘောတူညီမှုရခဲ့တဲ့ ဖီအိုရင်တီးနား

ဖီအိုရင်တီးနားအသင်းက တော့တင်ဟမ်အသင်းနဲ့ ဒရာဂူဆင်ကို အပြောင်းအရွှေ့ပြုလုပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

 ရိုမေးနီးယား နောက်ခံလူ ရာဒူး ဒရာဂူဆင်ကို စီးရီးအေဆီ ပြန်လည်ခေါ်ဆောင်ဖို့ ဖီအိုရင်တီးနားအသင်းနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ဟာ သဘောတူညီမှု ရရှိခဲ့ကြတာဖြစ်ပါတယ်။

ဖာဘရီဇီယို ရိုမန်နိုရဲ့ ဖော်ပြချက်အရ ဒီအပြောင်းအရွှေ့ဟာ အငှားခ ယူရို ၁.၅ သန်းနဲ့ အငှားစာချုပ်ဖြစ်ပြီး ရာသီအကုန်မှာတော့ ယူရို ၁၇.၅ သန်းနဲ့ မဖြစ်မနေ အပြီးသတ်ဝယ်ယူရမယ့် သဘောတူညီချက်လည်း ပါဝင်ပါတယ်။

ဒီအပြောင်းအရွှေ့ကြောင့် ၂၀၂၄ ခုနှစ်တုန်းက ဒရာဂူဆင်ကို ဂျီနိုအာအသင်းကနေ စပါးအသင်းဆီ ခေါ်ယူပေးခဲ့တဲ့ အားကစားဒါရိုက်တာ ဖေဘီယို ပါရာတီချီနဲ့ ပြန်လည်ဆုံတွေ့စေမှာ ဖြစ်ပါတယ်။

အဲဒီဗဟိုနောက်ခံလူဟာ သူ့ရဲ့ ကစားသမားဘဝကို ဂျူဗင်တပ်စ်အသင်းမှာ စတင်ခဲ့တာဖြစ်ပြီး ဂျီနိုအာအသင်းမှာ အခြေကျဖို့အတွက် အငှားထွက်ကစားမှုတွေက အထောက်အကူဖြစ်ခဲ့ပါတယ်။

စီးရီးအေမှာ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် တော့တင်ဟမ်ဆီ ပြောင်းရွှေ့ခဲ့ပေမဲ့ ဒဏ်ရာပြဿနာတွေနဲ့ ပွဲထွက်ခွင့် နည်းပါးခဲ့တာကြောင့် အင်္ဂလန်မြေမှာ သူ့ရဲ့ တိုးတက်မှုတွေက နှောင့်နှေးခဲ့ရပါတယ်။