တူနီးရှားကို ဂိုးပြတ်အနိုင်ယူကာ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းသွားတဲ့ ဂျပန်
တူနီးရှား ၀ - ၄ ဂျပန် (ပွဲပြီးရလဒ်)
ဂျပန်အသင်းဟာ နယ်သာလန်နဲ့ပွဲကခြေစွမ်းကောင်းတွေကို ဒီနေ့ပွဲမှာဆက်ထိန်းထားနိုင်ခဲ့ပြီး ဂိုးပြတ်နိုင်ပွဲရှာဖွေနိုင်ခဲ့ပါတယ်။
စိတ်ဓာတ်ကောင်းတဲ့ဂျပန်အသင်းက ပထမပိုင်းမှာတင် နှစ်ဂိုးပြတ်အနိုင်ရနေခဲ့သလို ဒုတိယပိုင်းမှာလည်း နှစ်ဂိုးထပ်သွင်းပြီး နယ်သာလန်နဲ့အပြိုင် အုပ်စုပထမနေရာလုဖို့အတွက် အသင့်ဖြစ်နေကြောင်းပြသခဲ့ပါတယ်။
နည်းပြအပြောင်းအလဲလုပ်ထားတဲ့ တူနီးရှားအသင်းကတော့ ယနေ့ရှုံးပွဲကြောင့် လက်ကျန်ပွဲမတိုင်ခင် အုပ်စုကထွက်လိုက်ရပြီဖြစ်ပါတယ်။