The network connection is lost.

Banner Image

အိုင်ဗရီကို့စ်ကို comebackနဲ့အနိုင်ယူကာ ရှုံးထွက်အဆင့်ကိုတက်ရောက်သွားတဲ့ ဂျာမနီ

ဂျာမနီ ၂ - ၁ အိုင်ဗရီကို့စ် (ပွဲပြီးရလဒ်)

ဂျာမနီအသင်းဟာ အာဖရိကအင်အားကြီး အိုင်ဗရီကို့စ်ကို အွန်ဒက်ဗ်ရဲ့နောက်ကျဂိုးတွေနဲ့အနိုင်ယူကာ ရှုံးထွက်အဆင့်ကိုတက်ရောက်သွားနိုင်ခဲ့ပါတယ်။

ပထမပိုင်းအတွင်း ဂျာမနီအသင်းရဲ့ကစားပုံဆိုးရွားခဲ့ပြီး ကတ်ဆီရဲ့ဂိုးနဲ့ဦးဆောင်ခြင်းခံခဲ့ရပေမဲ့ ဒုတိယပိုင်းမှာ လူစားလဲမှန်ကန်မှုတွေနဲ့အတူ comeback ပြန်လာနိုင်ခဲ့ပြီး အဖိုးတန်ရမှတ်သုံးမှတ်စုဆောင်းနိုင်ခဲ့ပါတယ်။

အိုင်ဗရီကို့စ်ကတော့ အာမက်နဲ့ ပီပီတို့ရဲ့အခွင့်အရေးဖန်တီးမှုတွေကို တိုက်စစ်ကစားသမားတွေ အသုံးမချနိုင်ခဲ့တာကြောင့် သွင်းဂိုးတွေနဲ့ဝေးကွာခဲ့ရပြီး ရှုံးပွဲကြုံခဲ့ရပါတယ်။