The network connection is lost.

Banner Image

ဟေတီကို ခက်ခက်ခဲခဲယှဉ်ပြိုင်ကစားကာ အနိုင်သုံးမှတ်အပြည့်ရယူခဲ့တဲ့ စကော့တလန်

ဟေတီ ဝ-၁ စကော့တလန် (ပွဲပြီးရလဒ်)

အုပ်စု(C)ရဲ့အဖွင့်ပွဲစဉ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့အချိန်အတော်ကြာဝေးကွာနေတဲ့ အသင်းနှစ်ခု ထပ်တိုက်တွေ့ဆုံမှုမှာ စကော့တလန်က ခက်ခက်ခဲခဲအနိုင်ကစားပြီး အနိုင်သုံးမှတ်အပြည့်ရယူခဲ့ပါတယ်။ စကော့တလန်အတွက် အဆုံးအဖြတ်အနိုင်ဂိုးကိုတော့ ပွဲချိန်နာရီဝက်ဝန်းကျင်မှာ မက်ဂင်းက သွင်းယူပေးခဲ့ပါတယ်။ လက်ကျန်ပွဲချိန်တွေမှာ ဟေတီရော၊ စကော့တလန်ပါ အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်ကစားခဲ့ပေမဲ့ အဆုံးသတ်ပိုင်းအားနည်းမှုတွေကြောင့် နောက်ထပ်သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရပါဘူး။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အုပ်စုတွင်းအင်အားကြီးအသင်းတွေဖြစ်တဲ့ ဘရာဇီးနဲ့ မော်ရိုကိုတို့ အမှတ်လျော့ခဲ့ချိန် စကော့တလန်အတွက် နောက်တစ်ဆင့်တက်ရောက်နိုင်ရေးမျှော်လင့်ချက် အားကောင်းသွားခဲ့ပါတယ်။