လိုရီယန့်နည်းပြသစ်ဖြစ်လာဖို့ ပဲရစ် FC နည်းပြဟောင်းစတီဖနီဂီလီ ရေပန်းစားနေ
လိုရီယန့်အသင်းက နည်းပြအိုလီဗီယာပန်တာလိုနီရဲ့နေရာမှာ အစားထိုးဖို့ နည်းပြသစ်တစ်ဦး ဆက်လက်ရှာဖွေနေပြီ ထည့်သွင်းစဉ်းစားခံနေရတဲ့ ကိုယ်စားလှယ်လောင်းတွေအနက် စတီဖနီဂီလီလည်း ပါဝင်နေပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း ပဲရစ် FC နည်းပြရာထူးမှ နုတ်ထွက်ခဲ့တဲ့ ဂီလီက လတ်တလောမှာ လိုရီယန့်အသင်းရဲ့လျာထားစာရင်းအနက် အရန်ရွေးချယ်မှုတစ်ခုအဖြစ် ပါဝင်နေပါတယ်။
Foot Mercato ရဲ့ဖော်ပြချက်အရ လိုရီယန့်အသင်းဟာ ဝီလ်စတေးလ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ အဓိကပစ်မှတ်ထားနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆောက်သမ်တန်နဲ့ လန်းစ်နည်းပြဟောင်း ဝီလ်စတေးလ်ကို အော်ဇေးအသင်းလည်း စိတ်ဝင်စားနေလို့ နည်းပြသစ်အတွက် ပြိုင်ဆိုင်မှုတွေ ရှိလာနိုင်ပါတယ်။
လော်ရီယန့်အသင်းဥက္ကဋ္ဌလော့စ်ဖာရီကတော့ အသင်းအတွက် နည်းပြဖြစ်နိုင်ခြေရှိသူ အများအပြားကို အသေအချာ စိစစ်သုံးသပ်နေပြီး နည်းပြသစ်ချက်ချင်းခန့်အပ်ဖို့အတွက် အလျင်စလိုဖိအားပေးခံနေရခြင်း မရှိဘူးလို့ သောကြာနေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။
နည်းပြပန်တာလိုနီက လိုရီယန့်အသင်းကို အမှတ်ပေးဇယားအလယ်အလတ်ပိုင်းမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ အသင်းအကြီးအကဲတွေရဲ့ သူ့အပေါ်ယုံကြည်မှုအားနည်းနေချိန် ရာသီကုန်မှာ သက်တမ်းကုန်ဆုံးမယ့်လက်ရှိစာချုပ်ကို ဆက်ပြီး သက်တမ်းမတိုးဖို့ သူကိုယ်တိုင်ပဲ ဆုံးဖြတ်ခဲ့ပါတယ်။