၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု G ဆန်းစစ်ချက်နဲ့ ခန့်မှန်းချက်များ
စကားလုံးနှစ်လုံးတည်းပါပဲ - တင်မ်ပိန်း။ ၂၀၂၆ ကမ္ဘာ့ဖလားကို ကြည့်ကြမယ့်သူတွေအားလုံးက နယူးဇီလန်ဆိုရှယ်မီဒီယာကြယ်ပွင့်လေးကို စောင့်ကြည့်နေကြပါပြီ။
တင်မ်ပိန်းက ပြိုင်ပွဲမစခင် သီတင်းပတ်ပိုင်းအတွင်းမှာတင် Instagram follower ၄ ထောင်ကနေ ၅ သန်းအထိ ထိုးတက်သွားခဲ့သူဖြစ်ပါတယ်။ နယူးဇီလန်အသင်းကလည်း၂၀၁၀ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ်ပြန်ရောက်လာတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အုပ်စု G မှာ တခြားစိတ်ဝင်စားစရာဇာတ်လမ်းတွေလည်း အများကြီး ရှိပါသေးတယ်။ ဒီအုပ်စုမှာ ဘယ်လ်ဂျီယံ၊ အီဂျစ်နဲ့ အီရန်တို့လည်း ပါဝင်နေပါတယ်။
ဘယ်လ်ဂျီယံက ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက ခြေစွမ်းမပြနိုင်ခဲ့တဲ့အပေါ် ဒီနှစ်ပြိုင်ပွဲမှာ အဖတ်ဆယ်ဖို့ ကြိုးစားပါလိမ့်မယ်။ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား လူကာကူဦးဆောင်တဲ့ ဘယ်လ်ဂျီယံက ၂၀၁၈ တုန်းက တတိယနေရာအထိ ရခဲ့ဖူးပြီး အခုတော့ အသင်းမှာ လူငယ်ကြယ်ပွင့်အသစ်တွေလည်း ပါဝင်လာပါတယ်။
လီဗာပူးကြယ်ပွင့် မိုဆာလက်ကတော့ အီဂျစ်နဲ့အတူ သူ့ရဲ့ဒုတိယအကြိမ်မြောက်ကမ္ဘာ့ဖလားကို လာကန်တာဖြစ်ပါတယ်။ အီဂျစ်က ပြည်တွင်းက နည်းပြနဲ့ပဲ အသင်းကိုပုံဖော်ထားပြီး ဝါရင့်ကစားသမားတွေနဲ့ လူငယ်ကြယ်ပွင့်တွေကို ပေါင်းစပ်ကာ အုပ်စုအဆင့်ကနေ တက်လှမ်းနိုင်ဖို့ မျှော်လင့်နေပါတယ်။
အီရန်ကတော့ အိမ်ရှင်တစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ စစ်ဖြစ်နေတာကြောင့် အငြင်းပွားစရာတွေ ရှိနေပါတယ်။ အီရန်မှာ ဘောလုံးသမိုင်းကြောင်း ကောင်းကောင်းရှိပေမဲ့ ကမ္ဘာ့ဖလားမှာတော့ အခုထိ မအောင်မြင်သေးပါဘူး။ အခုတစ်ခေါက်မှာတော့ အုပ်စုအဆင့်ကို ပထမဆုံးအကြိမ် ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။
အုပ်စု (G) က အသင်းများ
နယူးဇီလန်
အင်တာနက်ပေါ်မှာ တင်မ်ပိန်းအကြောင်းက အရမ်းကို လူပြောများနေပါတယ်။ နယူးဇီလန်အတွက်တော့ ဒါက သမိုင်းတစ်လျှောက် ၃ ကြိမ်မြောက် ကမ္ဘာ့ဖလားဖြစ်ပြီး ၂၀၁၀ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အရင်ပြိုင်ပွဲတုန်းက ၃ ပွဲစလုံး သရေကျခဲ့ဖူးပေမဲ့ ကမ္ဘာ့အဆင့်မှာ နိုင်ပွဲတော့ တစ်ခါမှ မရဖူးသေးပါဘူး။ တိုက်စစ်မှူး ခရစ္စဝုဒ်က ၂၀၁၀ ကမ္ဘာ့ဖလားတုန်းက ၃ ပွဲစလုံး ကစားခဲ့ဖူးသူဖြစ်သလို အခုဆိုရင် နိုင်ငံအတွက် ပွဲအများဆုံးကစားသူ စံချိန်ကိုလည်း တင်ထားပါတယ်။ နော်တင်ဟမ်ဖောရက်စ်တိုက်စစ်မှူးက အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ၄၅ ဂိုးသွင်းယူထားပါတယ်။ နည်းပြ ဒါရန်ဘေစလေကတော့ အင်္ဂလန်မှာ ကစားခဲ့တဲ့ အတွေ့အကြုံရှိသလို နယူးဇီလန် ယူ-၂၀ အသင်းကိုလည်း ကမ္ဘာ့ဖလားရှုံးထွက်အဆင့် ၃ ကြိမ်အထိ ပို့ဆောင်ပေးနိုင်ခဲ့ဖူးပါတယ်။
အဓိကကစားသမားများ - ခရစ္စဝုဒ်၊ တော်မီစမစ်၊ တင်မ်ပိန်း
အီဂျစ်
အီဂျစ်က ခြေစစ်ပွဲမှာ နည်းပြပြောင်းခဲ့ပေမဲ့ တစ်ပွဲမှမရှုံးဘဲ ခြေစစ်ပွဲအောင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးစတား မိုဆာလက်က ခြေစစ်ပွဲမှာ ၉ ဂိုးအထိ သွင်းယူပေးခဲ့ပြီး အီဂျစ်အသင်း ကမ္ဘာ့ဖလားဆီပြန်ရောက်လာအောင် ကူညီပေးခဲ့ပါတယ်။
အီဂျစ်လူစာရင်းမှာ အင်္ဂလန်၊ ပြင်သစ်နဲ့ စပိန်လိဂ်တွေမှာ ကစားနေတဲ့ ဝါရင့်ကစားသမားတွေ အများကြီး ပါဝင်နေပါတယ်။ မန်စီးတီးက အိုမာမာမွတ်ရှ်ကို စောင့်ကြည့်ရမှာဖြစ်သလို ဘာစီလိုနာ ယူ-၁၉ အသင်းက ဟမ်ဇာအဗ္ဗဒူကာရင်ကလည်း ဆာလက်ရဲ့ လေ့ကျင့်ပေးမှုနဲ့အတူ ခြေစွမ်းပြနေပါတယ်။
အဓိကကစားသမားများ - မိုဆာလက်၊ အိုမာမာမွတ်ရှ်၊ ထရီဇီဂွတ်ဇ်၊ မိုဟာမက်အဗ္ဗဒယ်လ်မိုနမ်၊ ဟမ်ဇာအဗ္ဗဒူကာရင်
အီရန်
အီရန်က ၆ ကြိမ်တိုင်တိုင် ကမ္ဘာ့ဖလား ကန်ခဲ့ဖူးပေမဲ့ အုပ်စုအဆင့်ကို တစ်ခါမှ မကျော်နိုင်သေးပါဘူး။
၁၉၆၈၊ ၇၂ နဲ့ ၇၆ ခုနှစ်တွေမှာ အာရှဖလား ၃ ကြိမ်ဆက် ရခဲ့ဖူးပေမဲ့ ကမ္ဘာ့ဖလားစင်မြင့်မှာတော့ အခုထိအောင်မြင်မှုမရသေးပါဘူး။
ကမ္ဘာ့ဖလားမှာ တစ်ဂိုးထက်ပိုသွင်းဖူးတဲ့ တစ်ဦးတည်းသော အီရန်ကစားသမား မက်ဒီတာရီမီကတော့ ၃ ကြိမ်မြောက် ပြိုင်ပွဲအဖြစ် ပြန်ပါလာပါတယ်။ အရေးပါတဲ့ အလီဂိုလီဇာဒေးကတော့ ပြိုင်ပွဲမစခင် တစ်လအလိုမှာ ဒူးဒဏ်ရာရသွားလို့ လွဲချော်ခဲ့ပါတယ်။
အဓိကကစားသမားများ - မက်ဒီတာရီမီ၊ မိုဟာမက်မိုဟပ်ဘီ၊ မက်ဒီဂါယေဒီ
ဘယ်လ်ဂျီယံ
ဘယ်လ်ဂျီယံက ၄ ကြိမ်ဆက်နဲ့ စုစုပေါင်း ၁၅ ကြိမ်မြောက် ကမ္ဘာ့ဖလားကို ကစားမှာဖြစ်ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားတုန်းက အုပ်စုကနေ ထွက်ခဲ့ရတာကို အခုတစ်ခေါက်မှာ အဖတ်ဆယ်ဖို့ ကြိုးစားပါလိမ့်မယ်။
နည်းပြသစ် ရူဒီဂါစီယာလက်ထက် အသင်းက အခြေအနေကောင်းနေပါတယ်။
လူစာရင်းမှာ ဒီဘရိုင်း၊ လူကာကူ၊ ဝစ်ဆဲလ်နဲ့ ကမ္ဘာ့အကောင်းဆုံးဂိုးသမားလို့တောင် တချို့ကသတ်မှတ်ကြတဲ့ ကော်တိုရစ်တို့လို ဝါရင့်ကစားသမား အစုံအလင်ပါဝင်ပါတယ်။
ကစားသမားတွေက အသက်ကြီးနေပြီလို့ ဝေဖန်မှုတွေရှိနိုင်ပေမဲ့ မန်စီးတီးက အသက် ၂၄ နှစ်အရွယ် တိုက်စစ်ကစားသမား ဂျရမီဒိုကူကတော ့လိုအပ်နေတဲ့စွမ်းအင်တွေ ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။
အဓိကကစားသမားများ - ရိုမယ်လူလူကာကူ၊ သီဘော့ကော်တိုရစ်၊ ကီဗင်ဒီဘရိုင်း၊ ဂျရမီဒိုကူ
ခန့်မှန်းချက်
၁.ဘယ်လ်ဂျီယံ
၂.အီဂျစ်
၃.အီရန်
၄.နယူးဇီလန်