The network connection is lost.

Banner Image

၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု B အပေါ် ဆန်းစစ်ချက်နဲ့ ခန့်မှန်းချက်များ

ကမ္ဘာ့ဖလား အုပ်စု B က ကမ္ဘာ့အဆင့်မှာနာမည်ရဖို့ ကြိုးစားနေတဲ့အသင်းအတော်များများအတွက် မျှော်လင့်ချက်ပေးစွမ်းနေပါတယ်။

အမေရိကန်၊ မက္ကဆီကိုတို့နဲ့အတူ အမျိုးသားကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခွင့်ရတဲ့ ကနေဒါအသင်းက သူတို့သမိုင်းမှာ အကောင်းဆုံးရလဒ်ရဖို့ မျှော်လင့်နေပါတယ်။

ဘော့စနီးယားအသင်းကတော့ အီတလီအသင်းကို ခြေစစ်ပွဲမှာဖြုတ်ပြီးတက်လာနိုင်ခဲ့လို့ စိတ်အားတက်ကြွနေပါတယ်။ 

ဆွစ်ဇာလန်က ဒီအုပ်စုမှာ အင်အားအကြီးဆုံးအသင်းအဖြစ် အုပ်စုပထမရဖို့ ရည်မှန်းထားပါတယ်။ 

ကာတာအသင်းကတော့ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက ကိုယ့်မြေကိုယ်ရေမှာ စိတ်ပျက်ခဲ့ရတာတွေကို အခုပွဲမှာ အဖတ်ဆယ်ဖို့ ကြိုးစားပါလိမ့်မယ်။

အုပ်စု (B) က အသင်းများ

ကနေဒါ

ကနေဒါမှာ ဘောလုံးအားကစားတိုးတက်လာနေပြီး နည်းပြ ဂျက်စီမာ့ချ်ကလည်း ကမ္ဘာ့ဖလားမှာ ပထမဆုံးရမှတ်ရရုံတင်မကဘဲ အုပ်စုအဆင့်ကိုပါ ပထမဆုံးအကြိမ် ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။ 

ကစားသမားတွေရဲ့အရည်အသွေးတက်လာတာကြောင့် အသင်းသမိုင်းမှာ မှတ်တိုင်တစ်ခုစိုက်ထူနိုင်ဖို့ မျှော်လင့်ထားပါတယ်။

အဓိကကစားသမားများ - အယ်လ်ဖွန်ဆိုဒေးဗီးစ်၊ ဂျိုနသန်ဒေးဗစ်၊ စတီဖင်ယူစတာကီယို

ဘော့စနီးယား

ဘော့စနီးယားက ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပါတယ်။ 

မတ်လက ပလေးအော့ဖ်ပွဲစဉ်မှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့နှစ်ပွဲစလုံးအနိုင်ရပြီး ကမ္ဘ့ာ့ဖလားဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ 

အခု ဒီအဆင့်ကိုရောက်လာပြီဆိုတော့ ကမ္ဘာမှာရင်ဘောင်တန်းနိုင်ကြောင်း သက်သေပြဖို့ ကြိုးစားပါလိမ့်မယ်။

အဓိကကစားသမားများ - အီဒင်ဒီဇီကို၊ ဆီအက်ကိုလာစီနက်၊ အက်စ်မာဘာဂျာတရီဗစ်

ကာတာ

ကာတာအသင်းက စတုတ္ထအဆင့် ခြေစစ်ပွဲကို ကိုယ့်နိုင်ငံမှာ ကျင်းပခွင့်ရတဲ့ အားသာချက်နဲ့ ခြေစစ်ပွဲအောင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်း ကစားခဲ့တဲ့ ၅ ပွဲစလုံး နိုင်ပွဲပျောက်ခဲ့တာကြောင့် ၂၀၂၂ တုန်းကလိုပဲ အုပ်စုအဆင့်ကနေ လှည့်ပြန်ရမလားဆိုတဲ့မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။

အဓိကကစားသမားများ - အယ်လ်မိုရက်ဇ်အလီ၊ အဗ္ဗဒူလာဇစ်ဟာတန်၊ ဟတ်ဆန်အယ်လ်ဟေးဒေါ့စ်

ဆွစ်ဇာလန်

ဆွစ်ဇာလန်ကတော့ ခြေစစ်ပွဲမှာ ရှုံးပွဲမရှိဘဲ ခြေစစ်ပွဲအောင်ခဲ့တာဖြစ်ပါတယ်။ တစ်အုပ်စုတည်းက ကိုဆိုဗိုရဲ့အလွန်ကောင်းမွန်တဲ့စွမ်းဆောင်ရည်နဲ့ ဆွီဒင် ခြေစစ်ပွဲအောင်ခဲ့တာကို ကြည့်ရင် ဆွစ်ဇာလန်ရဲ့ စွမ်းဆောင်ရည်က တကယ်ကို ချီးကျူးစရာပဲဖြစ်ပါတယ်။

ဆွစ်ဇာလန်က အတွေ့အကြုံရှိတဲ့ အသင်းဖြစ်သလို ခံစစ်လည်း တောင့်တင်းပြီး ဂိုးတွေလည်း အများကြီးသွင်းနိုင်စွမ်းရှိပါတယ်။

အဓိကကစားသမားများ - ဂရန်နစ်ဇာခါ၊ ရီကာဒိုရိုဒရီဂွက်ဇ်၊ ဘရီးလ်အမ်ဘိုလို

ခန့်မှန်းချက်

၁.ဆွစ်ဇာလန်
၂.ကနေဒါ
၃.ဘော့စနီးယား
၄.ကာတာ