The network connection is lost.

Banner Image

၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု A အပေါ် ဆန်းစစ်ချက်နဲ့ ခန့်မှန်းချက်များ

၂၀၂၆ ကမ္ဘာ့ဖလား စတင်တဲ့အခါ အုပ်စု A ကို တစ်ကမ္ဘာလုံးက စောင့်ကြည့်ကြမှာ အသေအချာပါပဲ။

ပြိုင်ပွဲရဲ့ ပထမဆုံးနေ့မှာတော့ မက္ကဆီကိုအသင်းက တောင်အာဖရိကအသင်းကို ပြုပြင်မွမ်းမံထားတဲ့ သမိုင်းဝင် အက်စတီကာကွင်းကြီးမှာ လက်ခံကစားမှာ ဖြစ်ပါတယ်။ ဒီပွဲက ၂၀၁၀ ကမ္ဘာ့ဖလားဖွင့်ပွဲတုန်းကလိုမျိုး ရင်ခုန်စရာကောင်းတဲ့ပွဲစဉ်ကို ပြန်လည်မြင်တွေ့ရဖို့ မျှော်လင့်ပါတယ်။ အဲဒီနေ့ နှောင်းပိုင်းမှာပဲ တောင်ကိုရီးယားနဲ့ ချက်တို့က ဟာလစ္စကိုကွင်းမှာ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

အုပ်စု (A) က အသင်းများ

မက္ကဆီကို

၂၀၂၅ ခုနှစ်မှာ ကွန်ကာကပ်ဖလား နှစ်လုံးစလုံးရထားပေမဲ့ အိမ်ရှင်နိုင်ငံသားတွေကြားမှာတော့ ကမ္ဘာ့ဖလားအတွက် မျှော်လင့်ချက်သိပ်မထားကြပါဘူး။ အထူးသဖြင့် ကာတာကမ္ဘာ့ဖလားတုန်းက မထင်မှတ်ဘဲ အုပ်စုအဆင့်နဲ့တင် လှည့်ပြန်ခဲ့ရလို့ဖြစ်ပါတယ်။ ဒါပေမဲ့ မက္ကဆီကိုက ၁၉၇၀ နဲ့ ၁၉၈၆ တုန်းကလို အိမ်ရှင်အဖြစ် ကျင်းပတဲ့ နှစ်တွေမှာတော့ ရှုံးထွက်ပဲွစဉ်တွေကို အနိုင်ရခဲ့တဲ့အစဉ်အလာ ရှိပါတယ်။

အဓိကကစားသမားများ - ရာအူးလ်ဂျီမီနက်ဇ်၊ ဂီလ်ဘာတိုမိုရာ၊ အက်ဒ်ဆင်အယ်လ်ဗာရက်ဇ်

တောင်အာဖရိက

တောင်အာဖရိကဟာ ၂၀၁၀ တုန်းက အိမ်ရှင်အဖြစ် ကျင်းပပြီးနောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ အာဖရိက ခြေစစ်ပွဲမှာတော့ တောင်အာဖရိကတို့ အုပ်စုကို လွှမ်းမိုးနိုင်ခဲ့ပေမဲ့ ကစားသမားအများစုက ပြည်တွင်းကစားသမားတွေဖြစ်နေလို့ ကမ္ဘာ့ဖလားမှာတော့ စိန်ခေါ်မှုတွေ ရှိနိုင်ပါတယ်။

အဓိကကစားသမားများ - လိုင်လီတေလာ၊ သမ်ဘာဇွာနေး၊ အမ်ဘီကီဇီလီအမ်ဘိုကာဇီ

တောင်ကိုရီးယား

တောင်ကိုရီးယားရဲ့ အကောင်းဆုံးအချိန်တွေ ကုန်ဆုံးသွားပြီလား။ တောင်ကိုရီးယားက ဘောလုံးကို အရူးအမူး ဝါသနာပါတဲ့နိုင်ငံဖြစ်သလို ဆွန်ဟောင်မင်လို ထိပ်တန်းစူပါစတားတစ်ယောက်လည်း ရှိနေဆဲဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်တုန်းကလို အောင်မြင်မှုမျိုးရအောင် ဆွန်ကို ဘယ်လို ဝိုင်းဝန်းပံ့ပိုးမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

အဓိကကစားသမားများ - ဆွန်ဟောင်မင်၊ လီကန်အင်း၊ ကင်မင်ဂျယ်

ချက်

ချက်အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ ပြီးခဲ့တဲ့မတ်လတုန်းက ပင်နယ်တီ အဆုံးအဖြတ်နဲ့ နှစ်ကြိမ်တိုင်တိုင် ကျော်ဖြတ်ခဲ့ရတာဖြစ်ပါတယ်။ အုပ်စုမှာတော့ ခံစစ်အသားပေးကစားဟန်နဲ့ ပြစ်ဒဏ်ဘောတွေကနေတစ်ဆင့် ရလဒ်ကောင်းတွေ ရနိုင်ခြေရှိနေပါတယ်။

အဓိကကစားသမားများ - ပက်ထရစ်ရှစ်ခ်၊ သောမတ်စ်ဆိုချက်၊ လာဒစ္စလပ်ခရက်ချီ

ခန့်မှန်းချက်

၁.မက္ကဆီကို
၂.တောင်ကိုရီးယား
၃.ချက်
၄.တောင်အာဖရိက