The network connection is lost.

Banner Image

လက်ရွေးစင်ကစားသမားဘ၀ပွဲဦးထွက်အပြီး ဘယ်လင်ဂမ်ရဲ့ချီးကျူးမှုကြောင့် ပြောစရာမရှိအောင် ပီတိဖြစ်ခဲ့ရတဲ့ အန်ဂူမိုဟာ

လီဗာပူးလူငယ်ကြယ်ပွင့်အန်ဂူမိုဟာက ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဘယ်လင်ဂမ်ဆီမှ ပထမဆုံးအကြိမ် အင်္ဂလန်လက်ရွေးစင်စီနီယာအသင်းရဲ့ကစားသမားဦးထုပ်(cap)ကို ရရှိပြီးနောက် ပြောစရာစကားလုံးမရှိအောင် ပီတိဖြစ်နေခဲ့ပါတယ်။

အသက် ၁၇ နှစ်အရွယ်တောင်ပံကစားသမားက ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နယူးဇီလန်ကို အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခွင့် ရရှိခဲ့ပါတယ်။

ရေမွန်ဂျိမ်းစ်အားကစားကွင်းမှာ ၁-၀ ဂိုးဖြင့် အင်္ဂလန်အသင်းအနိုင်ရရှိခဲ့ပြီးနောက် ဘယ်လင်ဂမ်က အဝတ်လဲခန်းအတွင်း အောင်ပွဲခံမှုတွေကို ဦးဆောင်ခဲ့ပြီး အန်ဂူမိုဟာဆီ ကစားသမားဦးထုပ် ပေးအပ်ကာ လီဗာပူးကြယ်ပွင့်ရဲ့အနာဂတ်အပေါ် ချီးကျူးစကားဆိုခဲ့ပါတယ်။

ဘယ်လင်ဟမ်က "တကယ့်ကို ကောင်းမွန်တဲ့ ပွဲဦးထွက်ပွဲစဉ်အတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်တို့အားလုံး သူ့ရဲ့ကစားပုံကို ကြည့်ပြီး သဘောကျခဲ့ကြသလို သူက သူ့ရဲ့ကလပ်အသင်းမှာရော၊ ကျွန်တော်တို့ရဲ့လက်ရွေးစင်အသင်းမှာပါ တောက်ပတဲ့အနာဂတ် ရှိလာမယ်ဆိုတာ သေချာပါတယ်။ ရှေ့လျှောက် အခုလိုအခွင့်အရေးတွေ အများကြီးရှိလာနိုင်သေးလို့ ဒီဦးထုပ်ကို ပေးအပ်ခွင့်ရရှိမှုအတွက် တကယ်ကို ဝမ်းသာပါတယ်။ ဒါကြောင့် ဂုဏ်ယူပါတယ်" လို့ ဘယ်လင်ဂမ်က ပြောကြားခဲ့ပါတယ်။

အင်ဂူမိုဟာကလည်း အင်္ဂလန်စီနီယာအသင်းဖော်တွေကို "အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ပျော်ရွှင်ရသလို ပြောစရာမရှိအောင်လည်း ဖြစ်ရပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်လို့ပဲ ပြောချင်ပါတယ်။ ကျွန်တော်တို့ ဆက်ကြိုးစားသွားကြရအောင်ပါ"လို့ တိုတိုတုတ်တုတ်နဲ့ လှိုက်လှိုက်လှဲလှဲ ပြန်လည်ပြောကြားခဲ့ပါတယ်။