The network connection is lost.

Banner Image

ပြည်ဝင်ခွင့်ဗီဇာငြင်းပယ်မှုနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ခွဲခြားဆက်ဆံတဲ့လုပ်ရပ်အပေါ် အီရန် ပြင်းပြင်းထန်ထန်ဝေဖန်

အီရန်နိုင်ငံက ကမ္ဘာ့ဖလားအိမ်ရှင်အမေရိကန်ပြည်ထောင်စုရဲ့ အီရန်ကိုယ်စားလှယ်အဖွဲ့ဝင်အချို့အတွက် ပြည်ဝင်ခွင့်ဗီဇာမထုတ်ပေးခြင်းအပေါ် "ခွဲခြားဆက်ဆံတဲ့ လုပ်ရပ်" လို့သတ်မှတ်ကာ စနေနေ့မှာ ပြင်းပြင်းထန်ထန်ဝေဖန်ရှုံ့ချခဲ့ပါတယ်။

"ဘောလုံးအသင်းတစ်ခုရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ စီမံခန့်ခွဲမှုအဖွဲ့ဝင်တွေ၊ အမှုဆောင်တွေ၊ နည်းစနစ်ပိုင်းဆိုင်ရာအကြံပေးတွေနဲ့ အခြားသူတွေ အများအပြားကို ဗီဇာငြင်းပယ်ခဲ့မှုနဲ့ ပတ်သက်ပြီး ဘာကြောင့်ထုတ်ဖော်ပြောဆိုခြင်း မရှိတာလဲ" လို့ တူရကီနိုင်ငံရှိ အီရန်သံရုံးက ယခင်ကစားသမားတွေကို ဗီဇာထုတ်ပေးခဲ့ပြီဖြစ်ကြောင်း အမေရိကန်အထူးသံတမန်တွမ်ဘာရက်ခ်ရဲ့ထုတ်ပြန်ချက်ကို ရည်ညွှန်းပြီး X လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

"အခုအခါမှာတော့ ခင်ဗျားတို့င အီရန်အမျိုးသားဘောလုံးအသင်းအပေါ် ရည်ရွယ်ချက်ရှိရှိ ခွဲခြားဆက်ဆံတဲ့လုပ်ရပ်တွေကို အမြင့်မားဆုံးအဆင့်အထိ လုပ်ဆောင်လာခဲ့ပါပြီ" လို့ သံရုံးက ထပ်လောင်းပြောကြားခဲ့ပါတယ်။

သောကြာနေ့မှာ အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌမာဒီတာ့ဂျ်က အီရန်ကိုယ်စားလှယ်အဖွဲ့ဝင်တွေရဲ့နိုင်ငံကူးလက်မှတ်တွေကို ဗီဇာလျှောက်ထားရန် တင်ပြထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ဘာရက်ခ်က အီရန်အမျိုးသားဘောလုံးအသင်းအတွက် ဗီဇာလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ပေးခဲ့တဲ့ အန်ကာရာရှိ အမေရိကန်သံရုံးရဲ့လုပ်ဆောင်ချက်အပေါ် ချီးကျူးစကား ဆိုခဲ့ပါတယ်။

ဒါပေမဲ့ အီရန်အားကစားမီဒီယာ Varzesh3 အပါအဝင် စနေနေ့သတင်းဖော်ပြချက်တွေအရ အဖွဲ့ချုပ်ဥက္ကဋ္ဌတာ့ဂျ်အပါအဝင် အမှုဆောင်အဖွဲ့ဝင်တွေနဲ့ အသင်းရဲ့ဆန်းစစ်လေ့လာသူတွေအတွက် ဗီဇာမရရှိသေးဘူးလို့ သိရပါတယ်။

သောကြာနေ့မှာ တာ့ဂျ်က နိုင်ငံပိုင်ရုပ်သံလိုင်းဆီ "ကျွန်တော့်ရဲ့သုံးသပ်ချက်အရ ဗီဇာအားလုံး အပြည့်အဝရရှိမယ်လို့ ထင်သလို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာပြဿနာမှ မရှိလာနိုင်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

အီရန်အသင်းက အရီဇိုးနားပြည်နယ်၊ တူဆန်မြို့မှာ အခြေကျဖို့ မူလစီစဉ်ထားပေမဲ့ ကမ္ဘာ့ဖလားလေ့ကျင့်ရေးစခန်းကို မက္ကဆီကိုနိုင်ငံအနောက်မြောက်ဘက် နယ်စပ်မြို့ဖြစ်တဲ့ တီဟွာနာ (Tijuana) သို့ ပြောင်းရွှေ့ခဲ့ပါတယ်။

သူတို့ရဲ့အုပ်စုအဆင့် ပွဲစဉ်သုံးခုလုံးကိုတော့ အမေရိကန်ပြည်ထောင်စုမှာ ကစားရပါမယ်။

အီရန်လက်ရွေးစင်အသင်းက ဇွန် ၁၅ ရက်၊ လော့စ်အိန်ဂျလိစ်မြို့မှာ နယူးဇီလန်၊ ဇွန် ၂၁ ရက်မှာ ဘယ်လ်ဂျီယံနဲ့ အုပ်စုပွဲစဉ်တွေ စတင်ကစားရဖို့ရှိပြီး ဇွန် ၂၇ ရက်၊ ဆီယက်တဲလ်မြို့မှာ အီဂျစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရပါမယ်။