အက်သလက်တီကိုမက်ဒရစ်မှ ထွက်ခွာမယ်ဆိုတဲ့ ကောလာဟလတွေအပေါ် တုံ့ပြန်ပြောကြားလာတဲ့ ဂျန်အိုဘလက်ခ်
အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ဂိုးသမား ရန် အိုဘလက်ခ်ဟာ အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဖွင့်ဟပြောကြားခဲ့ပါတယ်။
၂၀၁၄ ခုနှစ်၊ ဘင်ဖီကာမှ ပြောင်းရွှေ့ကြေးယူရို ၁၆ သန်းဖြင့် ရောက်ရှိလာတဲ့ အသက် ၃၃ နှစ်အရွယ်ဂိုးသမားက လွန်ခဲ့တဲ့ ၁၂ နှစ်တာကာလအတွင်း နည်းပြဆီမြွန်နီရဲ့အသင်းမှာ အဓိကကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ စပိန်နိုင်ငံမှလာတဲ့သတင်းတွေအရ အက်သလက်တီကိုမက်ဒရစ်အသင်းက အိုဘလက်ခ်ရဲ့မြင့်မားလှတဲ့လုပ်ခလစာပမာဏကို လျှော့ချချင်နေလို့ ကစားသမားကို အသင်းမှထွက်ခွာခွင့်ပေးသွားဖွယ် ရှိတယ်လို့ သိရပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး Erika ရုပ်သံလိုင်းနဲ့တွေ့ဆုံချိန် အိုဘလက်ခ်က " ဖြစ်ချိန်တန်ရင် ဖြစ်လာနိုင်လို့ အဲဒီအကြောင်းအရာကို အများကြီးတွေးမနေပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
"ရေးသားဖော်ပြနေကြတဲ့အရာတွေကတော့ ဖြစ်လာပါလိမ့်မယ်။ ဒီကိစ္စတွေမှာ ကျွန်တော်ကိုယ်တိုင်လည်း ဆုံးဖြတ်ပိုင်ခွင့် သိပ်မရှိပါဘူး" လို့ သူက ဆိုပါတယ်။