The network connection is lost.

Banner Image

အန်းစလော့ရဲ့နေရာကို အစားထိုးဝင်ရောက်ဖို့ လီဗာပူးအသင်းဆီ မီးစိမ်းပြလိုက်တဲ့ အီရာအိုလာ

အီရာအိုလာက အန်းစလော့နေရာကို အစားထိုးဝင်ရောက်ပြီး လီဗာပူးရဲ့နည်းပြသစ်ဖြစ်လာဖို့ အပြည့်အ၀သဘောတူလိုက်ပါတယ်။

ပြီးခဲ့တဲ့ရာသီ၊ ဆုဖလားလက်မဲ့ဘ၀နဲ့ စိတ်ပျက်စရာဖြတ်သန်းမှုအပြီး လီဗာပူးအသင်းက အန်းစလော့ကို စနေနေ့မှာ ရာထူးမှထုတ်ပယ်ခဲ့ပါတယ်။ ဒါက ဒတ်ချ်လူမျိုးနည်းပြနဲ့အတူ လီဗာပူးတို့ ပရီးမီးယားလိဂ်ချန်ပီယံဆုဆွတ်ခူးနိုင်ပြီးနောက် တစ်နှစ်အကြာမှာပဲ ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။

အခုအခါမှာတော့ ဆိုက်ပရပ်စ်ပြည်တွင်းကလပ် AEK လာနာကာမှ စပိန်အခြေစိုက် မီရန်ဒက်စ်၊ ဗယ်လီကာနိုတို့အပြင် ပရီးမီးယားလိဂ်ပြိုင်ဘက်ဘုန်းမောက်မှာပါ သုံးနှစ်ကြာအစွမ်းပြခဲ့တဲ့ အီရာအိုလာရဲ့နည်းပြခရီးလမ်းက အန်ဖီးလ်ဆီ ဦးတည်လာခဲ့ပါပြီ။

သတင်းထောက်ဖလော်ရီယန်ပလက်တန်ဘတ်ချ်ကလည်း လီဗာပူးအသင်းနဲ့ စပိန်လူမျိုးနည်းပြအကြား သဘောတူညီမှုရရှိခဲ့ပြီလို့ နောက်ဆုံးအခြေအနေကို ဖော်ပြခဲ့ပါတယ်။

"လီဗာပူးဆီသွားဖို့ အီရာအိုလာ သဘောတူလိုက်ပါပြီ"

"အီရာအိုလာက လီဗာပူးအသင်းကို မီးစိမ်းပြလိုက်ပြီး လေဗာကူဆင်အသင်းရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ သဘောတူညီမှု အပြည့်အ၀ရရှိခဲ့ပါပြီ"

"အသက် ၄၃ နှစ်အရွယ်စပိန်လူမျိုးနည်းပြက အန်းစလော့နေရာကို အစားထိုးဝင်ရောက်ပြီး မကြာခင် စာချုပ်ချုပ်ဆိုသွားပါမယ်" လို့ ပလက်တန်ဘတ်ချ်က ရေးသားထားပါတယ်။

ဘီဘီစီရဲ့အဆိုအရ လီဗာပူးအသင်းပိုင်ရှင် FSG က အီရာအိုလာလက်အောက်မှာ ဥရောပရဲ့ထိပ်တန်းကလပ်အသင်းတစ်ခု ပြန်ဖြစ်လာပြီး လာမယ့်ရာသီ၊ အမှတ်ပေးချန်ပီယံဆုတိုက်ပွဲအတွက် အဆင်သင့်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။