The network connection is lost.

Banner Image

ဘယ်လ်ဂျီယံအသင်းရဲ့ကစားကွက်က ဒီဘရိုင်းအတွက် အကိုက်ညီဆုံး ဖြစ်လိမ့်မယ်လို့ ရူဒီဂါစီယာ ယုံကြည်နေ

ဘယ်လ်ဂျီယံနည်းပြရူဒီဂါစီယာက နာပိုလီကွင်းလယ်ဖန်တီးရှင် ကီဗင်ဒီဘရိုင်းရဲ့ခြေစွမ်းကို အကောင်းဆုံးထုတ်ယူနိုင်မယ့် တိုက်စစ်အသားပေးကစားဟန်မျိုးနဲ့ အသင်းကို ပုံဖော်သွားဖို့ ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။
 
မန်စီးတီးဂန္ထဝင်ကစားသမားဟာ နာပိုလီအသင်းနဲ့အတူ ပွဲဦးထွက်ရာသီမှာ တံကောက်ကြောဒဏ်ရာကြောင့် ၅ လနီးပါး အနားယူခဲ့ရပြီး ပြိုင်ပွဲစုံ ၂၁ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ကာ ရုန်းကန်ခဲ့ရပါတယ်။ 

ဒီဘရိုင်းအနေနဲ့ နည်းပြကွန်တီ အသင်းကထွက်ခွာသွားပြီးနောက်ပိုင်းမှာလည်း အီတလီနည်းပြရဲ့ ခံစစ်ပိတ်ကစားဟန်ကို အတိအလင်း ဝေဖန်ခဲ့ပြီး သူ့ကို အကောင်းဆုံးနေရာမှာ အသုံးမချခဲ့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

လက်ရှိမှာတော့ နာပိုလီနည်းပြဟောင်းဖြစ်သူ ဂါစီယာက နိုင်ငံတကာပွဲစဉ်တွေမှာ ကစားရတာကို ဒီဘရိုင်း ပိုမိုနှစ်သက်သဘောကျလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
 
ဂါစီယာက"အဓိကအကျဆုံးကတော့ ဒီဘရိုင်းရဲ့ စိတ်အခြေအနေ ကောင်းမွန်နေဖို့ပါပဲ။ ကျွန်တော် နည်းပြအဖြစ် ခန့်အပ်ခံရကတည်းက ရည်မှန်းချက်တစ်ခုက ကစားသမားတွေကို လက်ရွေးစင်အသင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်လည်ကစားစေချင်တာပါ။ ကျွန်တော်တို့က တိုက်စစ်ဖွင့်ပြီးကစားတာဖြစ်လို့ ဒါက သူ့အတွက် အရမ်းအဆင်ပြေပါတယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
  
ဆက်လက်ပြီး ဂါစီယာက"ကီဗင် ဒဏ်ရာရနေချိန် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့တုန်းကလည်း သူ အသင်းနဲ့အတူ ရှိနေခဲ့ပါတယ်။ ဒါက သူ့ရဲ့ စိတ်ဓာတ်ပြင်းပြမှုကို သက်သေပြဖို့ လုံလောက်ပါတယ်" လို့ ဆိုခဲ့ပါတယ်။