The network connection is lost.

Banner Image

အာဆင်နယ်ရဲ့ချန်ပီယံလိဂ်ရှုံးပွဲအပြီး ဘာကြောင့်အောင်ပွဲခံခဲ့သလဲဆိုတာ ရှင်းပြလာတဲ့ လီဗာပူးနောက်ခံလူဖရင်ပေါင်

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီကို အာဆင်နယ်တို့ ရှုံးနိမ့်ပြီးနောက် အောင်ပွဲခံနေတဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ရက်ပေါ် ပျံ့နှံ့သွားပြီးနောက် လီဗာပူးနောက်ခံလူဖရင်ပေါင်က ပရိသတ်တွေကို "စိတ်အေးအေးထားကြဖို့" တိုက်တွန်းလိုက်ပါတယ်။

ဘူဒါပက်စ်မှာကစားခဲ့တဲ့ အဲဒီပွဲစဉ်ရဲ့ အချိန်ပိုအထိ တစ်ဖက်တစ်ဂိုးစီသရေကျနေလို့ ပယ်နယ်တီအဆုံးအဖြတ်ခံယူချိန် ဂန်းနားတွေ ဝမ်းနည်းပူဆွေးခဲ့ရပြီးနောက် နယ်သာလန်လက်ရွေးစင်ကစားသမားရဲ့ပျော်ရွှင်စွာတုံ့ပြန်နေပုံကို မြင်တွေ့ခဲ့ရပါတယ်။

သူ့ရဲ့အခုလိုတုံ့ပြန်ပုံကြောင့် အွန်လိုင်းပေါ်မှာ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပြီး အချို့သော ပရိသတ်တွေကတော့ ဒါဟာ အာဆင်နယ်ရဲ့ကံဆိုးမှုကို လှောင်ပြောင်တယ်လို့ ယူဆခဲ့ကြပါတယ်။

ဒါပေမဲ့လည်း လေဗာကူဆင်ကြယ်ပွင့်ဟောင်းကတော့ ဒီအခြေအနေကို ချက်ချင်းရှင်းလင်းခဲ့ပြီး မြောက်လန်ဒန်ကလပ်အပေါ် မကောင်းတဲ့စိတ်ထားမျိုး မရှိပါဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

လူမှုကွန်ရက်မှတဆင့် ဖရင်ပေါင်က "(ရယ်မောနေတဲ့ အီမိုဂျီနှစ်ခု) စိတ်အေးအေးထားကြပါ၊ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း လောင်းကြေးထပ်ထားရာမှာ ကျွန်တော် နိုင်သွားလို့ ပျော်နေတာပါ (ပုခုံးတွန့်ပြတဲ့ အီမိုဂျီ)" လို့ ရှင်းပြခဲ့ပါတယ်။

ဒီဗိုလ်လုပွဲမှာ အာဆင်နယ်က ကိုင်ဟားဗက်ဇ်ရဲ့ပွဲချိန်အစောပိုင်းသွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒမ်ဘီလီက ပီအက်စ်ဂျီအတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ ပွဲချိန်မိနစ် ၁၂၀ အထိ အနိုင်အရှုံးအဖြေမပေါ်လို့ ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ပါတယ်။