တော့တင်ဟမ်ပစ်မှတ် ဆီနီစီရဲ့စာချုပ်ပါအသေးစိတ်အချက်အလက်တွေ ထွက်ပေါ်လာ
တော့တင်ဟမ်အသင်းက ဘုန်းမောက်အသင်းမှထွက်ခွာလာတဲ့ ဆီနီစီကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူဖို့အတွက် အတော်လေးနီးစပ်နေပါတယ်။
မြောက်လန်ဒန်ကလပ်အသင်းက အသက်-၂၉ နှစ်အရွယ်နောက်ခံလူနဲ့ ပြီးခဲ့တဲ့မတ်လကတည်းက ကြိုတင်သဘောတူညီမှု ရရှိထားခဲ့ပြီး အခုအချိန်မှာတော့ အပြောင်းအရွှေ့တရားဝင်ဖြစ်လာဖို့ပဲ ကျန်ရှိပါတော့တယ်။
နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ ဆီနီဆီက တော့တင်ဟမ်နဲ့ လေးနှစ်သက်တမ်းရှိစာချုပ်ကို လက်မှတ်ရေးထိုးဖို့ သဘောတူညီထားပြီး ရောဘတ်ဆန်နောက်ပိုင်း မြောက်လန်ဒန်အခြေစိုက်ကလပ်အသင်းရဲ့ အခုနွေရာသီ ဒုတိယမြောက်ကစားသမားသစ်ခေါ်ယူမှုလည်း ဖြစ်လာပါလိမ့်မယ်။
ဆီနီစီက ပြီးခဲ့တဲ့ရာသီ၊ ပရီးမီးယားလိဂ် ၃၈ ပွဲအနက် ၃၇ ပွဲအထိ ပါဝင်ကစားခဲ့ပြီး ဘုန်းမောက်အသင်းကို ယူရိုပါလိဂ်ဝင်ခွင့်ရရှိအောင် ကူညီပေးခဲ့ပါတယ်။ ဒါပေမဲ့ သူကတော့ တော့တင်ဟမ်အသင်းဆီ ပြောင်းရွှေ့မှုကို စိန်ခေါ်မှုအသစ်တစ်ခုအဖြစ် ရှုမြင်နေပါတယ်။
အခုလို ဒီဇာဘီရဲ့အသင်းဆီပြောင်းရွှေ့နိုင်မှုက အာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားလူစာရင်းမှ ချန်လှပ်ခံရတဲ့ ဆီနီစီအတွက် ဝမ်းသာစရာသတင်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။