The network connection is lost.

Banner Image

တော့တင်ဟမ်အသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ ဆီနီစီ သဘောတူညီမှု ရရှိထားပြီး စာချုပ်ပါအသေးစိတ်အချက်အလက်တွေ ထွက်ပေါ်လာ

ဘုန်းမောက်အသင်းနောက်ခံလူဆီနီစီကိုခေါ်ယူဖို့အတွက် အပြိုင်အဆိုင်ကြိုးပမ်းနေကြတဲ့ အသင်းတွေထဲမှာ တော့တင်ဟမ်အသင်းကပဲ အသာစီးရသွားပုံ ပေါ်ပါတယ်။ 

အသက် ၂၉ နှစ်အရွယ်အာဂျင်တီးနားနောက်ခံလူက လာမယ့်ဇွန်လမှာ ဘုန်းမောက်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ရှိနေပြီး တော့တင်ဟမ်အသင်းဆီ ပြောင်းရွှေ့ဖို့အတွက်လည်း နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားပါတယ်။

သတင်းထောက်စီဆာလူးဝစ်မာလိုရဲ့ဖော်ပြချက်အရ တော့တင်ဟမ်က ပရီးမီးယားလိဂ်ပြိုင်ဘက်တွေထက် လက်ဦးမှုရယူနိုင်ဖို့အတွက် ဆီနီစီကို ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိမယ့် လေးနှစ်စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာလည်း လီဗာပူးအသင်းရဲ့ဘယ်နောက်ခံလူရောဘတ်ဆန်ကို ခေါ်ယူဖို့ "မူအားဖြင့် သဘောတူညီမှု" ရရှိထားတယ်လို့ ကြေညာခဲ့တာကြောင့် ဆီနီစီက နည်းပြဒီဇာဘီရဲ့ ဒုတိယမြောက်နွေရာသီအပြောင်းအရွှေ့လှုပ်ရှားမှုဖြစ်လာဖို့ ရှိနေပါတယ်။ 

လာမယ့်လအတွင်း အန်ဖီးလ်ကလပ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ရောဘတ်ဆန်က ပရီးမီးယားလိဂ်မှာ တော့တင်ဟမ်တို့ ကျန်ရစ်မယ်လို့ သေချာသွားချိန် သူ့ရဲ့နောက်ထပ်ခရီးစဉ်အဖြစ် မြောက်လန်ဒန်အရပ်ကို ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
 
ရာသီပိတ်နောက်ဆုံးပွဲစဉ်အထိ တန်းမဆင်းရရေးရုန်းကန်ခဲ့ရတဲ့ တော့တင်ဟမ်ကလည်း အလွန်စိတ်ပျက်စရာကောင်းတဲ့ အခုရာသီကို အမြန်ဆုံး မေ့ဖျောက်ချင်နေပြီး အခုလို ဆီနီစီနဲ့ ရောဘတ်ဆန်တို့ ရောက်ရှိလာနိုင်မှုနဲ့အတူ ဥရောပအဆင့်ပြိုင်ပွဲတွေဆီ နောက်တစ်ကြိမ် ပြန်လည်ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်ချက်တွေ ရှိလာပါလိမ့်မယ်။