The network connection is lost.

Banner Image

လိုရီယန့်အသင်းနည်းပြသစ်ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်လာတဲ့ ဒူဂျူ

အန်ဂါးစ်နည်းပြဟောင်းအလက်ဇန်းဒါးဒူဂျူက လိုရီယန့်အသင်းရဲ့နည်းပြသစ်ဖြစ်လာနိုင်သူစာရင်းမှာ ရေပန်းအစားဆုံးအဖြစ် ဦးဆောင်နေပါတယ်။

ဒူဂျူက အန်ဂါးစ်အသင်းကိုကိုင်တွယ်ချိန် အောင်မြင်မှုတွေ ရရှိပြီးနောက် လတ်တလောမှာ အသင်းမှ ထွက်ခွာခဲ့ပါတယ်။ သူက နည်းပါးလှတဲ့ ဘတ်ဂျက်ပမာဏနဲ့ လုပ်ဆောင်ခဲ့ရပေမဲ့ အသင်းကို လီဂူးဝမ်းဆီ ပြန်လည်တက်လှမ်းနိုင်အောင် စွမ်းဆောင်ပေးခဲ့သလို ထိပ်တန်းလိဂ်မှာလည်း ရာသီအဆက်ဆက်တန်းတင်ကျန်ရစ်အောင် ကူညီပေးခဲ့ပါတယ်။

သူ့ရဲ့ထွက်ခွာမှုကို သူကိုယ်တိုင် စတင်တောင်းဆိုခဲ့ပြီး ကလပ်အသင်းဘက်က အခုသီတင်းပတ်အစောပိုင်းမှာ အတည်ပြုပေးခဲ့ပါတယ်။

RMC Sport ရဲ့ဖော်ပြချက်အရ လိုရီယန့်အသင်းက သူတို့ရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ ဝီလ်စတေးလ်ကို လွဲချော်ခဲ့ပြီးနောက် အသက် ၄၉ နှစ်အရွယ် ဒူဂျူဆီကို အာရုံစိုက်လာခဲ့ပါတယ်။ ဝီလ်စတေးလ်ကတော့ အော်ဇေးအသင်းမှာ ခရစ်စတော့ဖ်ပဲလစ်စီယာရဲ့နေရာကို အစားထိုးတာဝန်ယူသွားဖို့ ရှိနေပါတယ်။

ဒူဂျူကို နိုက်စ်အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေအရ သိရပေမဲ့ လိုရီယန့်အသင်းကတော့ လီဂူးဝမ်းဘောလုံးရာသီအပြီး၊ အသင်းမှ အံ့ဩစရာကောင်းလောက်အောင် ထွက်ခွာသွားခဲ့တဲ့ အိုလီဗီယာပန်တာလိုနီရဲ့နေရာမှာ သူ့ကို အစားထိုးခန့်အပ်ဖို့ အသည်းအသန်ကြိုးပမ်းနေပါတယ်။