The network connection is lost.

Banner Image

ဒဏ်ရာကြောင့် ဘရာဇီးအသင်းရဲ့လတ်တလောခြေစမ်းပွဲတွေမှာ နေမာ ပါဝင်ကစားနိုင်ဖို့ မသေချာ

လာမယ့်နွေရာသီ၊ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ဘရာဇီးအသင်းရဲ့ခြေစမ်းပွဲစဉ်တွေမှာ နေမာ ပါဝင်ကစားနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

အသက် ၃၄ နှစ်အရွယ်ဝါရင့်တိုက်စစ်မှူးနေမာက ခြေစွမ်းပြနေတဲ့ ချဲလ်ဆီးတိုက်စစ်မှူးဂျာအိုပက်ဒရိုရဲ့ နေရာမှာ အစားထိုးပြီး နည်းပြအန်ဆယ်လော့တီရဲ့ဘရာဇီးအသင်းလူစာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။

နေမာက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ဥရုဂွေးကိုနှစ်ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိဲပီးနောက် လက်ရွေးစင်အသင်းအတွက် ပြန်ကစားပေးနိုင်ခြင်း မရှိပါဘူး။

ESPN ရဲ့ ဖော်ပြချက်အရ ခြေသလုံးကြွက်သားဒဏ်ရာ ထပ်မံရရှိနေတဲ့ နေမာက ဘရာဇီးရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ခြေစမ်းပွဲစဉ်တွေကို လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ 

ဒီသတင်းမှာပဲ နေမာရဲ့ဒဏ်ရာအခြေအနေ ဘယ်လောက်အထိ ပြင်းထန်သလဲဆိုတာအပေါ် အမြင်ချင်းကွဲလွဲမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဆန်းတို့စ်အသင်းဘက်ကတော့ နေမာရဲ့ဒဏ်ရာကို သာမန်ရောင်ရမ်းမှုလောက်ပါပဲလို့ အခိုင်အမာ ပြောထားပေမဲ့ ဘရာဇီးအသင်းဘက်ကတော့ အခြေအနေကို တစ်မျိုး နားလည်ထားပါတယ်။ 

ဘရာဇီးအသင်းဘက်ကတော့ နေမာရဲ့ဒဏ်ရာကို ကလပ်အသင်းဘက်မှယူဆထားတဲ့ အချိန်ထက် အနည်းငယ်ပိုပြီးကုသပေးရမယ့် အခြေအနေလို့ ယူဆထားပါတယ်။

ဒီဒဏ်ရာကြောင့် အသင်းလူစာရင်းမှ နေမာ နုတ်ထွက်ရမလားဆိုတာ စောင့်ကြည့်ရဖို့ရှိပေမဲ့ မေ ၃၁ ရက်မှာ ကစားမယ့် ပနားမားနဲ့ပွဲစဉ်ကိုတော့ ပါဝင်ကစားနိုင်ဖို့ မရှိသလောက်ဖြစ်နေပါတယ်။