လီဗာပူးကြယ်ပွင့်မိုဆာလက်ကိုခေါ်ယူဖို့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေပြုလုပ်ပြီးနောက် ဖီနာဘာချီအသင်း အရှိန်မြှင့်ကြိုးပမ်းလာ
တူရကီထိပ်သီးကလပ်ဖီနာဘာချီအသင်းက လီဗာပူးတိုက်စစ်မှူးမိုဆာလက်နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် သူ့ကိုခေါ်ယူဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် ထွက်ပေါ်လာပါတယ်။
အသက် ၃၃ နှစ်အရွယ်ဆာလက်က အခုနှစ်အစောပိုင်းမှာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အလွတ်ပြောင်းရွှေ့ကြေးဖြင့် လီဗာပူးမှထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပါတယ်။
အခုဘောလုံးရာသီအတွင်း မိုဆာလက်နဲ့ပတ်သက်လို့ အငြင်းပွားစရာအဖြစ်အပျက်တွေ ပြည့်နှက်နေခဲ့ပြီး ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းမှာလည်း အီဂျစ်တိုက်စစ်မှူးက အသင်းရဲ့သစ္စာမဲ့မှုနဲ့ ရင်ဆိုင်နေရတယ်ဆိုပြီး ဝေဖန်ပြောဆိုခဲ့ဖူးပါတယ်။
ဒါ့အပြင် မိုဆာလက်က မကြာသေးကပဲ အန်းစလော့လက်ထက် လီဗာပူးအသင်းကစားဟန်ကို Instagram မှတဆင့် ဝေဖန်ခဲ့ပြီး သူ့ရဲ့အသင်းဖော်တချို့ကိုယ်တိုင် အဲဒီပို့စ်ကို Like ပေးခဲ့ကြပါတယ်။
CaughtOffside ရဲ့ဖော်ပြချက်အရ တူရကီထိပ်သီးဖီနာဘာချီအသင်းက မိုဆာလက်ကိုခေါ်ယူနိုင်ဖို့အတွက် ရေပန်းအစားဆုံးဖြစ်လာနေပြီလို့ သိရပါတယ်။
ဖီနာဘာချီက မိုဆာလက်ကို ခေါ်ယူနိုင်ဖို့အတွက် အမေရိကန်မေဂျာလိဂ် (MLS) ကလပ်တွေနဲ့ ဆော်ဒီအာရေးဗီးယားကလပ်တွေကို ကျော်ဖြတ်နိုင်ဖို့ ကြိုးစားနေပြီး ဆာလက်ရဲ့ ကိုယ်စားလှယ်တွေနဲ့လည်း 'အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ' ပြုလုပ်ထားပြီးပြီလို့ သိရပါတယ်။