The network connection is lost.

Banner Image

မိုဆာလက်နဲ့ ရောဘတ်ဆန်တို့ရဲ့နေရာကို အစားထိုးဖို့ဆိုတာ တကယ်ကိုမလွယ်ကူတဲ့ကိစ္စပါလို့ ဝန်ခံလိုက်တဲ့ ဗန်ဒိုက်

လီဗာပူးအသင်းခေါင်းဆောင်ဗာဂျေးဗန်ဒိုက်က မိုဆာလက်နဲ့ ရော်ဘတ်ဆန်တို့ရဲ့နေရာကို အစားထိုးဖို့ဆိုတာ အလွန်ခက်ခဲတဲ့အလုပ်တစ်ခု ဖြစ်လိမ့်မယ်လို့ ဝန်ခံလိုက်ပါတယ်။

ရောဘတ်ဆန်နဲ့ မိုဆာလက်တို့က အခုလာမယ့်တနင်္ဂနွေနေ့၊ ဘရန့်ဖို့ဒ်နဲ့ရာသီပိတ်ပွဲစဉ်မှာ ပရိသတ်တွေကို နှုတ်ဆက်ပြီးတာနဲ့ ရာသီကုန်ဆုံးချိန် အသင်းမှထွက်ခွာသွားပါလိမ့်မယ်။

ဒီကစားသမားနှစ်ဦးက လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း ယာဂန်ကလော့ပ်နဲ့ အန်းစလော့တို့ရဲ့ လက်အောက်မှာ အသင်းအတွက် ဆုဖလားမျိုးစုံကို ဆွတ်ခူးပေးခဲ့ပြီး လီဗာပူးအသင်းကို အဆင့်အတန်းအသစ်တစ်ခုဆီ တက်လှမ်းနိုင်အောင် တွန်းတင်ပေးခဲ့ပါတယ်။

အသင်းမှထွက်ခွာသွားခဲ့တဲ့ ဟန်ဒါဆန်၊ ကလယ်ဟာတို့လိုပဲ အခုတစ်ခါမှာလည်း အန်ဖီးလ်ကွင်းကြီးမှာ ပရိသတ်တွေကို နှုတ်ဆက်ရနိုင်လို့ တကယ့်ကို စိတ်လှုပ်ရှားဝမ်းနည်းစရာကောင်းတဲ့ နှုတ်ဆက်ပွဲတစ်ခု ဖြစ်လာပါလိမ့်မယ်။

အသင်းရဲ့တရားဝင်ချန်နယ်တွေမှတဆင့် ဗန်ဒိုက်က ကွင်းတွင်းကွင်းပြင်ကိစ္စတွေမှာ အရေးပါလှတဲ့ ရောဘတ်ဆန်နဲ့ မိုဆာလက်တို့ရဲ့နေရာကို အစားထိုးဖို့ဆိုတာ တကယ်ကိုခက်ခဲလိမ့်မယ်လို့ ဆိုပါတယ်။

"အသင်းအတွက် သူတို့နှစ်ဦးလုပ်ဆောင်ပေးခဲ့တာတွေကို အကျဉ်းချုပ်ပြောပြဖို့ဆိုတာ တကယ်ကို ခက်ခဲပါတယ်။ ဒါပေမဲ့ အကောင်းဘက်က ကြည့်မယ်ဆိုရင်တော့ သူတို့က အသင်းအတွက်ရော၊ ကျွန်တော့်အတွက်ပါ အများကြီးအဓိပ္ပာယ်ရှိခဲ့ပါတယ်။ ကျွန်တော်တို့ နှစ်ပေါင်းများစွာရရှိခဲ့တဲ့ အောင်မြင်မှုတိုင်းမှာလည်း သူတို့က အရေးပါခဲ့ပါတယ်။ လူသားချင်းစာနာမှုအပိုင်းမှာလည်း သူတို့နေရာကို အစားထိုးဖို့၊ သူတို့မရှိဘဲ ရှေ့ဆက်ဖို့ဆိုတာ မလွယ်ပါဘူး၊ ဒါပေမဲ့ ဒါကလည်း ဘဝရဲ့နိယာမပါပဲ။ သူတို့နဲ့အတူ အလုပ်လုပ်ရတာ၊ အတူတူ ကစားခဲ့ရတာ၊ အတူလက်တွဲနိုင်ခဲ့တာတွေက တကယ့်ကို အံ့ဩစရာကောင်းပြီး သူတို့ကို ကျွန်တော် သေချာပေါက်လွမ်းဆွတ်နေပါလိမ့်မယ်" လို့ ဗန်ဒိုက်က ပြောခဲ့ပါတယ်။

မိုဆာလက်က ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရုန်းကန်နေရချိန် အသင်းရဲ့ကစားဟန်ကို ဝေဖန်တဲ့စာသားတွေကို လွန်ခဲ့တဲ့သီတင်းပတ်အတွင်း လူမှုကွန်ရက်မှာ ရေးသားခဲ့ပါသေးတယ်။ ကြိုးကြာနီတွေက ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာသာ အနိုင်ရမယ်ဆိုရင် ဥရောပရဲ့ထိပ်တန်းပြိုင်ပွဲဝင်ခွင့် သေချာပေါက်ရရှိပြီး ရောဘတ်ဆန်နဲ့ မိုဆာလက်တို့အတွက် အကောင်းဆုံးနှုတ်ဆက်မှု ဖြစ်လာပါလိမ့်မယ်။