The network connection is lost.

Banner Image

ဝက်စ်ဟမ်းနဲ့ ပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ်ကို ချုပ်ဆိုလိုက်တဲ့ မာဂျစ်ဘာလိုဂန်

ဝက်စ်ဟမ်းအသင်းရဲ့အကယ်ဒမီမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ မာဂျစ်ဘာလိုဂန်က အသင်းနဲ့အတူ သူ့ရဲ့ပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ်ကို ချုပ်ဆိုလိုက်ပါတယ်။

အသက် ၁၈ နှစ်အရွယ် အင်္ဂလန်-နိုင်ဂျီးရီးယားနွယ်ဖွားတိုက်စစ်မှူးလေးက ၂၀၂၄-၂၅ ရာသီမတိုင်ခင် မန်ချက်စတာယူနိုက်တက်အသင်းမှ ဝက်စ်ဟမ်းဆီ ပညာသင်ဆုအစီအစဉ်နဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။

အရှေ့လန်ဒန်ကို ရောက်ရှိလာပြီးနောက်ပိုင်း ဘာလိုဂန်ဟာ ယူ-၁၈ အသင်းအတွက် နှစ်ရာသီအတွင်း ၄၅ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ၂၀၂၅ ခုနှစ် ယူ-၁၈ ပရီးမီးယားလိဂ်ဖလားအောင်ပွဲမှာလည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။

“တကယ်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ ခံစားချက်ပါပဲ” လို့ ဘာလိုဂန်က အသင်းဝက်ဘ်ဆိုက်ကို ပြောပါတယ်။ “လူငယ်ကစားသမားတိုင်းက ဒီလိုအချိန်မျိုးရောက်ဖို့ ကြိုးစားကြတယ်ဆိုတော့ ဒါ အောင်မြင်မှုတစ်ခုပါပဲ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ နောက်ထပ်အောင်မြင်မှုတွေလည်း ရချင်ပါသေးတယ်။ ဒါက ပိုကြီးမားတဲ့ အောင်မြင်မှုတွေဆီ လှမ်းတက်ဖို့အတွက် အကောင်းဆုံးအခွင့်အရေးတစ်ခု ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

“အရင်က ဒီလိုမျိုး တစ်ခါမှ မကြုံဖူးပါဘူး” လို့ သူက ဆက်ပြောပါတယ်။ “အိမ်ရှင်မိသားစုတစ်ခုနဲ့ အတူသွားနေရတယ်ဆိုတာ ကျွန်တော့်အတွက် အပြောင်းအလဲအကြီးကြီးပါပဲ။ ဝက်စ်ဟမ်းရဲ့အဆောင်တွေမှာ အသင်းဖော်တွေနဲ့ အမြဲတူတူရှိနေပေမဲ့ ဒီမှာကျတော့ ကျွန်တော်နဲ့ အိမ်ရှင်မိသားစုပဲ ရှိတာဆိုတော့ အသားကျဖို့ အချိန် တော်တော်ယူခဲ့ရပါတယ်။ အစပိုင်းမှာတော့ ခက်ခဲခဲ့တာပေါ့။ ဒါပေမဲ့ ကိုယ်တကယ်မြတ်နိုးတဲ့ ဘောလုံးအတွက်ဆိုရင်တော့ ဒီလိုစွန့်လွှတ်မှုတွေက လုပ်သင့်ပါတယ်။ အခုလို အသီးအပွင့်တွေ ခံစားရလို့ တကယ်ဝမ်းသာမိသလို အခုလို အခွင့်အရေးရတာကိုလည်း ကျေးဇူးတင်ပါတယ်။ ဘာလို့လဲဆိုတော့ လူတိုင်း ဒီလိုအခွင့်အရေးမျိုး မရနိုင်လို့ပါ” လို့ ၎င်းက ဆိုပါတယ်။