The network connection is lost.

Banner Image

ဖူလ်ဟမ်မှာဆက်ရှိနေမှာလားဆိုတဲ့မေးခွန်းတွေကိုပြန်လည်ဖြေကြားလာတဲ့ မာကိုဆေးလ်ဗား

ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗားက ဒီရာသီကုန်ရင် အသင်းမှာ ဆက်ရှိနေမလားဆိုတာကို အခုထိ မဆုံးဖြတ်ရသေးဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။

အသက် ၄၈ နှစ်အရွယ် နည်းပြဟာ ချယ်လ်ဆီးအသင်းက လီဗာပူးကွင်းလယ်လူဟောင်း ရှာဘီအလွန်ဆိုကို နည်းပြသစ်အဖြစ် မခန့်အပ်ခင်အချိန်အထိ ချယ်လ်ဆီးအသင်းနဲ့ အပြင်းအထန် သတင်းထွက်ခဲ့သူလည်း ဖြစ်ပါတယ်။

ဆေးလ်ဗားရဲ့ ဖူလ်ဟမ်နဲ့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းဘက်က သူ့ကို ဆက်ထိန်းထားချင်နေပေမဲ့ သူကတော့ ဝေခွဲမရဖြစ်နေဆဲပါ။

ပွဲအပြီးမှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး BBC Sport ကို ပြောကြားရာမှာတော့ ဆေးလ်ဗားက "ကျွန်တော် မဆုံးဖြတ်ရသေးပါဘူး" လို့ ဆိုပါတယ်။

"ပရိသတ်တွေအနေနဲ့ အသင်းရဲ့အနာဂတ်ကို သိချင်နေကြမယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဆုံးဖြတ်ချက် တစ်ခုခု တိတိကျကျ မချရသေးခင်မှာတော့ ကျွန်တော့်ဘက်ကဖြစ်ဖြစ်၊ အသင်းဘက်ကဖြစ်ဖြစ် တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားဖို့ မဖြစ်နိုင်သေးပါဘူး" လို့ ၎င်းက ပြောခဲ့ပါတယ်။

ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းကလည်း သူတို့ရဲ့နည်းပြ ဂျိုဆေးမော်ရင်ဟိုကို ရီးရဲလ်မက်ဒရစ်ဆီ လက်လွှတ်ရတော့မှာဖြစ်လို့ ဆေးလ်ဗားကို ပေါ်တူဂီမြေဆီ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့လည်း သတင်းများ ထွက်ပေါ်နေပါတယ်။