The network connection is lost.

Banner Image

နီကိုပက်ဇ်ရဲ့ကိုမိုကစားသမားဘ၀ ပြီးဆုံးသွားတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဝန်ခံလိုက်တဲ့ ဖာဘရီဂတ်စ်

ကိုမိုအသင်းနည်းပြဖာဘရီဂတ်စ်က ရာသီလက်ကျန်ပွဲစဉ်တွေကို အသင်းရဲ့အမာခံကြယ်ပွင့်ကစားသမားနီကိုပက်ဇ် ပါဝင်ကစားပေးနိုင်ဖို့ မရှိဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိနီကိုပက်ဇ်က ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ကြိုးစားနေတဲ့ ကိုမိုအသင်းအတွက် ပွဲ ၄၀ ကစားပေးထားရာမှာ ၁၃ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ခုနစ်ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပြီး အလွန်ကောင်းမွန်တဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေပါတယ်။ လက်ရှိစီးရီးအေအမှတ်ပေးဇယားအရ ကိုမိုအသင်းက အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး လက်ကျန်ပွဲစဉ်နှစ်ခုသာကျန်ရှိချိန် စတုတ္ထနေရာရှိ အေစီမီလန်အသင်းနဲ့ နှစ်မှတ်သာ ကွာဟပါတော့တယ်။

ဒီနေ့ကစားမယ့် ပါးမားနဲ့ ပွဲစဉ်မတိုင်မီ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ဖာဘရီဂတ်စ်က ပက်ဇ်ရဲ့အခြေအနေနဲ့ပတ်သက်လို့ ရာသီကုန်အထိ အနားယူရဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

"နီကိုပက်ဇ်ဒဏ်ရာရသွားလို့ ပါးမားနဲ့ပွဲစဉ်ကို ပါဝင်ကစားနို်ငဖို့ မရှိပါဘူး၊ သူ့ရဲ့ဒူးမှာ ထိခိုက်မိသွားတာပါ။ တကယ်လို့ ဒီပွဲစဉ်က တနင်္လာနေ့မှာကစားရမယ်ဆိုရင် အခြေအနေတစ်မျိုး ဖြစ်သွားနိုင်ပေမဲ့ အမှန်အတိုင်းပြောရရင် ရာသီပိတ်နောက်ဆုံးပွဲစဉ်မှာတောင် သူ ပြန်ကစားနိုင်မလားဆိုတာ ကျွန်တော် သေချာမသိပါဘူး။ ပြန်ကစားနိုင်ဖို့ မျှော်လင့်ပေမဲ့ အတိအကျ မပြောနိုင်သေးပါဘူး" လို့ ဆိုပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ ရီးရဲလ်မက်ဒရစ်အသင်းက ဒီနွေရာသီမှာ နီကိုပက်ဇ်ခေါ်ယူဖို့အတွက် ပြန်လည်ဝယ်ယူခွင့် (buy-back clause) ကို အသုံးပြုသွားမယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း နီကိုပက်ဇ်အတွက် ကိုမိုအသင်းမှာကစားရမယ့် အချိန်တွေက အခုဒဏ်ရာနဲ့အတူ စောစောစီးစီးအဆုံးသတ်သွားဖွယ် ရှိနေပါတယ်။