ချဲလ်ဆီးကိုအနိုင်ယူပြီး အက်ဖ်အေဖလားချန်ပီယံဖြစ်လာတဲ့ မန်စီးတီး
ချဲလ်ဆီး ဝ-၁ မန်စီးတီး (ပွဲပြီးရလဒ်)
ပရီးမီးယားလိဂ်ထိပ်သီးကလပ်အသင်းနှစ်ခု ထိပ်တိုက်တွေ့ဆုံတဲ့ အခုဝင်ဘာလေကွင်းဗိုလ်လုပွဲမှာတော့ အကြိတ်အနယ်အားပြိုင်မှုတွေနဲ့အတူ စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲစဉ် ဖြစ်လာခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အဆုံးအဖြတ်အနိုင်ဂိုးကို ဒုတိယပိုင်းပွဲချိန်မှာ ဟာလန်းရဲ့ဖန်တီးပေးမှုမှတဆင့် ဆီမန်ညိုက သွင်းယူခဲ့ပါတယ်။ ဒီအောင်ပွဲကြောင့် အခုရာသီ၊ ကာရာဘောင်ဖလားချန်ပီယံဆုဆွတ်ခူးထားနိုင်တဲ့ ပက်ဂွါဒီယိုလာ ပြည်တွင်းဖလားသုံးလုံးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ဦးမလားဆိုတာ ရာသီကုန်မှာ အဖြေပေါ်လာပါတော့မယ်။