The network connection is lost.

Banner Image

အန်းစလော့နဲ့ လီဗာပူး လမ်းခွဲမလားဆိုတာ စောင့်ကြည့်ချင်လို့ ချဲလ်ဆီးရဲ့ကမ်းလှမ်းမှုကို ဆိုင်းငံ့ထားတဲ့ ဇာဘီအလွန်ဆို

အန်းစလော့ကို အသင်းမှထုတ်ပယ်ဖို့ လီဗာပူးတာဝန်ရှိသူတွေ ဆုံးဖြတ်လာမယ်ဆိုတဲ့ အခြေအနေကို စောင့်ကြည့်ချင်တာကြောင့် ဇာဘီအလွန်ဆိုက ချဲလ်ဆီးနည်းပြသစ်ရာထူးလက်ခံဖို့ကိစ္စကို ဆိုင်းငံ့ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၄၄ နှစ်အရွယ်အလွန်ဆိုက ချဲလ်ဆီးနည်းပြသစ်ဖြစ်လာဖို့ ရေပန်းအစားဆုံးသူဖြစ်ပြီး နှစ်ဖက်အကြား ဆွေးနွေးမှုတွေ ရှိနေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

ဒါပေမဲ့ I Paper ရဲ့ဖော်ပြချက်အရ စပိန်လူမျိုးနည်းပြအလွန်ဆိုက အန်းစလော့ကိုထုတ်ပယ်ဖို့ဆုံးဖြတ်ချက် လီဗာပူးအသင်း ချမှတ်ဖို့ရှိ၊မရှိ စောင့်ကြည့်ချင်တာကြောင့် အနာဂတ်အတွက် အဆုံးအဖြတ်ပေးဖို့ အလောတကြီးမရှိသေးဘူးလို့ သိရပါတယ်။

လီဗာပူးအသင်းဘက်ကတော့ ဒီရာသီမှာ ရလဒ်တွေ စိတ်ပျက်စရာကောင်းနေပေမဲ့လည်း အန်းစလော့ကိုပဲ ရှေ့ဆက်ယုံကြည်ပေးသွားဖို့ အပြည့်အဝရည်ရွယ်ထားတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ပေါ်နေပါတယ်။

ချဲလ်ဆီးကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်ခင်မှာ နည်းပြသစ်တစ်ဦးအစားထိုးခန့်အပ်နိုင်ဖို့ ကြိုးစားနေပြီး အလွန်ဆိုလိုပဲ သူတို့ဘက်မှာလည်း နည်းလမ်းတစ်ခုတည်းအပေါ် ပုံအောမထားပါဘူး။

အနောက်လန်ဒန်ကလပ်အသင်းက နည်းပြသစ်ရှာဖွေမှုအတွက် ဖူလ်ဟမ်နည်းပြမာကိုဆေးလ်ဗားနဲ့ ဘုန်းမောက်နည်းပြအီရာအိုလာတို့ကိုလည်း စောင့်ကြည့်စာရင်းမှာ ထည့်သွင်းထားပါတယ်။