The network connection is lost.

Banner Image

ဘ၀အတွက် မေ့ပျောက်နိုင်စရာမရှိတဲ့ နေ့ရက်ပဲလို့ လာလီဂါချန်ပီယံဖြစ်ပြီးနောက် ဖွင့်ဟလာတဲ့ ဟန်စီဖလစ်ခ်

ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ဘာစီလိုနာအတွက် အသင်းသမိုင်းတလျှောက် ၂၉ ကြိမ်မြောက်လာလီဂါချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဟန်စီဖလစ်ခ်က ဖခင်ဖြစ်သူကွယ်လွန်အနိစ္စရောက်မှုသတင်းဆိုးကို ညတွင်းချင်းကြားသိခဲ့ပေမဲ့ နာရီပိုင်းအကြာ၊ ရီးရဲလ်မက်ဒရစ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ အယ်လ်ကလက်စီကိုပွဲစဉ်နဲ့အတူ စိတ်လှုပ်ရှားစွာ အောင်ပွဲခံခဲ့ပါတယ်။ 

ဂျာမန်လူမျိုးနည်းပြက မိသားစုနဲ့ပတ်သက်တဲ့သောကရှိနေပေမဲ့ ကွင်းလုံးပြည့်လျှံနေတဲ့ နူးကမ့်ကွင်းဘေးမှာ တာဝန်ယူခဲ့ပြီး လက်ကျန်ပွဲစဉ်သုံးပွဲအလိုမှာတင် ပြိုင်ဘက်တွေနဲ့ အလှမ်းကွာဝေးသွားစေမယ့် ရလဒ်မျိုးဖန်တီးနိုင်အောင် အသင်းကို ဦးဆောင်ပေးခဲ့ပါတယ်။ ပွဲမစခင်မှာ၊ ကွင်းအတွင်းတစ်မိနစ်ငြိမ်သက်ပြီး ဂုဏ်ပြုခဲ့ကြပြီး ရုပ်သံပြကွက်တွေအရ ဟန်စီဖလစ်ခ်ကိုယ်တိုင် မျက်ရည်ကျနေပြီး သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ ကစားသမားတွေက ဝိုင်းဝန်းနှစ်သိမ့်ပေးနေတာကို မြင်တွေ့ခဲ့ရပါတယ်။ 

ပွဲစတင်ချိန်မှာတော့ ဘာစီလိုနာက စိတ်ဓာတ်ခိုင်မာမှု၊ တိုက်စစ်ဗျူဟာကြွယ်၀မှုတွေနဲ့အတူ ရာသီနှောင်းပိုင်းပွဲစဉ်ကို လှလှပပအဆုံးသတ်ခဲ့ပြီး ဖလစ်ခ်ရဲ့ ရဲတင်းလှတဲ့ နည်းဗျူဟာတွေကိုလည်း ပရိသတ်တွေ အခိုင်အမာအားပေးခဲ့ကြပါတယ်။

"ဒီပွဲစဉ်က ခက်ခဲတဲ့ပွဲစဉ်တစ်ခုဖြစ်သလို ဒီနေ့ကိုလည်း ကျွန်တော် ဘယ်တော့မှမေ့ပျောက်နိုင်မှာ မဟုတ်ပါဘူး" လို့ ချန်ပီယံအဖြစ်အောင်ပွဲခံနေချိန် ဟန်စီဖလစ်ခ်က ပြောပါတယ်။ "ကစားသမားတွေနဲ့ ကျွန်တော်တို့ကို အားပေးခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အခုလို အသင်းကောင်းတစ်ခုကို ပိုင်ဆိုင်ထားရလို့ အရမ်းဂုဏ်ယူမိပါတယ်။ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်" လို့ ဆိုပါတယ်။ 

အေးအေးဆေးဆေးနေတတ်တဲ့ ဖလစ်ခ်က အောင်ပွဲခံနေချိန်မှာပဲ "ပွဲတိုင်းမှာ အစွမ်းကုန်တိုက်ပွဲဝင်ခဲ့တဲ့ စိတ်ဓာတ်အတွက် ကျေးဇူးတင်သလို တကယ်လည်း တန်ဖိုးထားပါတယ်" လို့ တိုတိုတုတ်တုတ် ပြောခဲ့ပါသေးတယ်။ 

ဆက်လက်ပြီးတော့လည်း သူက "ကျွန်တော့်အသင်းက တကယ်ကို အံ့ဩဖို့ကောင်းပြီး ကျွန်တော်လည်း အရမ်းပျော်ပါတယ်။ ကစားသမားတွေအတွက် ဂုဏ်ယူသလို အခုလို အယ်လ်ကလက်စီကိုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကိုအနိုင်ယူပြီး ပရိသတ်တွေနဲ့အတူ ရှိနေရတယ်ဆိုတာ ရင်ခုန်ဖို့ကောင်းပါတယ်။ အခုတော့ အောင်ပွဲခံဖို့ အချိန်ရောက်ပါပြီ" လို့ ပြောပါတယ်။ 

ဟန်စီဖလစ်ခ်အတွက်တော့ ဒီချန်ပီယံဆုက မှတ်တမ်းကောင်းတစ်ခု ဖြစ်လာခဲ့ပြီး သူရဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ နည်းဗျူဟာတွေက စပိန်လာလီဂါမှာ ဖျော်ဖြေမှုပေးနိုင်သလို အောင်မြင်မှုလည်း ရရှိခဲ့ပါတယ်။