The network connection is lost.

Banner Image

နည်းပြကွန်ပနီရဲ့ ကစားဟန်ကို ထောက်ခံပြောဆိုလာတဲ့ ဂျိုနသန်တာ

အယ်လီယန့်ဇ်အရီနာကွင်းမှာ ကစားမယ့် PSG နဲ့ အဆုံးအဖြတ် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်ဖွင့်ကစားတတ်တဲ့ ပုံစံကိုပဲ ဆက်လက်ကိုင်စွဲသွားမယ်လို့ ဂျိုနသန်တာက အခိုင်အမာ ပြောကြားလိုက်ပါတယ်။

ပါရီမှာကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်က ရလဒ်တွေကြောင့် ဗင်းဆင့်ကွန်ပနီရဲ့ နည်းစနစ်အပေါ် မေးခွန်းထုတ်စရာတွေ ရှိလာခဲ့ပေမဲ့ ခံစစ်ပိတ်ပြီး သတိထားကစားဖို့ တောင်းဆိုမှုတွေကို ဂျာမန်နောက်ခံလူ တာက ပယ်ချခဲ့ပါတယ်။

၅ ဂိုးအထိ ပေးခဲ့ရပေမဲ့လည်း ဘိုင်ယန်အနေနဲ့ နောက်ဆုတ်သွားမှာမဟုတ်ဘဲ သူတို့ရဲ့ တိုက်စစ်ဖွင့်ကစားတဲ့ နည်းစနစ်ကသာ ဗိုလ်လုပွဲတက်လှမ်းနိုင်ဖို့ အကောင်းဆုံး အခွင့်အရေးဖြစ်တယ်လို့ သူက အလေးအနက် ပြောကြားခဲ့ပါတယ်။

"အခြေခံအားဖြင့် ပြောရရင် ကျွန်တော်တို့ရဲ့ ကစားပုံကပဲ အခုလို အနေအထားမျိုးအထိ ရောက်အောင် ခေါ်ဆောင်လာခဲ့တာပါ။ ဒါကြောင့် ဒီကစားဟန်ကို ပြောင်းလဲဖို့ မလိုအပ်ဘူးလို့ ကျွန်တော် ထင်ပါတယ်" လို့ တာက မီဒီယာတွေကို ပြောပါတယ်။

"အရေးကြီးဆုံးကတော့ ကျွန်တော်တို့ရဲ့ ကစားဟန်အတိုင်း သတ္တိရှိရှိနဲ့ ပြင်းပြင်းထန်ထန် ကစားဖို့ပါပဲ။ တစ်ဦးချင်းရော တစ်သင်းလုံးအနေနဲ့ပါ အားပြိုင်မှုတိုင်းမှာ အနိုင်ရအောင် ကစားရမယ်၊ ဒုတိယဘောလုံး (second balls) တွေကိုလည်း ရအောင်ယူရပါမယ်" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။