နှစ်၂၀အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတက်ရောက်သွားတဲ့ အာဆင်နယ်
အာဆင်နယ် ၁ - ၀ အက်သလက်တီကို (ပွဲပြီးရလဒ်) (နှစ်ကျော့ပေါင်းရလဒ် ၂-၁)
အာဆင်နယ်အသင်းဟာ အက်သလက်တီကိုနဲ့ အိမ်ကွင်းပွဲစဉ်မှာ ဆာကာရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့အနိုင်ရကာ နှစ်၂၀အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတက်ရောက်သွားခဲ့ပါတယ်။
ပထမပြီးခါနီး ဦးဆောင်ဂိုးကြောင့် အာဆင်နယ်က ဒုတိယပိုင်းတစ်ပိုင်းလုံး အဓိက ကစားသမားအချို့ကို အနားပေးကာ ပွဲကိုထိန်းကစားပြီး နိုင်ပွဲရအောင်ယူသွားနိုင်ခဲ့ပါတယ်။
အက်သလက်တီကိုကလည်း အာဆင်နယ်ခံစစ်ကို ဖိအားပေးနိုင်ခဲ့ပေမဲ့ ဂရစ်ဇ်မန်းနဲ့ အယ်လ်ဗာရက်ဇ်တို့ လူစားလဲခံခဲ့ရပြီးနောက် ကစားအားကျသွားခဲ့ကာ ချေပဂိုးပြန်မသွင်းနိုင်ဘဲ ဆီမီးဖိုင်နယ်အဆင့်နဲ့ ကျေနပ်ခဲ့ရပါတယ်။