ပီအက်စ်ဂျီကြယ်ပွင့်ခဗာရက်စ်ခီလီယာရဲ့ညီဖြစ်သူကို အနီးကပ်စောင့်ကြည့်နေတဲ့ ဘိုင်ယန်မြူးနစ်
ဘိုင်ယန်မြူးနစ်အသင်းက ပီအက်စ်ဂျီကြယ်ပွင့် ခဗာရက်စ်ခီလီယာရဲ့ညီတော်စပ်သူ တော်နီကေးခဗာရက်စ်ခီလီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
La Gazzetta Georgia ရဲ့ဖော်ပြချက်အရ အသက် ၁၆ နှစ်အရွယ် ကွာရတ်စခီလီယာက ဘာဗေးရီးယန်းဒေသခံကလပ်အသင်းဆီ ပြောင်းရွှေ့ဖို့အတွက် မကြာခင်၊ မြူးနစ်မြို့ဆီ သွားရောက်လိမ့်မယ်လို့ သိရပါတယ်။
ဒီခရီးစဉ်အတွင်း သူက ဂျာမန်စံချိန်တင်ချန်ပီယံအသင်းရဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိသလို ကလပ်အသင်းရဲ့အဆောက်အအုံနဲ့ လေ့ကျင့်ရေးကွင်းတွေကိုလည်း လိုက်လံကြည့်ရှုလေ့လာသွားပါလိမ့်မယ်။
အသက် ၁၆ နှစ်အရွယ်ကစားသမားလေးက ပြီးခဲ့တဲ့စနေနေ့၊ FC Samgurali အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒိုင်နမိုတီဘီလီဆီ (Dinamo Tbilisi)ရဲ့ စီနီယာအသင်းလူစာရင်းအတွင်း ပထမဆုံးအကြိမ်ပါဝင်ခွင့် ရရှိခဲ့ပါတယ်။
ဒါပေမဲ့ ဒီတောင်ပံကစားသမားလေးကို ခေါ်ယူဖို့အတွက် ဘိုင်ယန်မြူးနစ်ကပဲ စိတ်ဝင်စားနေတာမျိုး မဟုတ်ဘဲ ဥရောပရဲ့အခြားထိပ်တန်းကလပ်အသင်းအများစုကလည်း သူ့ကိုခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။