The network connection is lost.

Banner Image

တိုမီနေးက သာမန်ကစားသမားသာဖြစ်တယ်လို့ နိုင်ဂိုလန် ဝေဖန်

ရိုးမားနဲ့ အင်တာမီလန်အသင်းတို့ရဲ့ ကြယ်ပွင့်ကစားသမားဟောင်း ရာဂျာနိုင်ဂိုလန်ဟာ နာပိုလီမှာ အံ့အားသင့်စရာ ခြေစွမ်းပြနေတဲ့ စကော့တ်တိုမီနေးကို "သာမန်ကစားသမား" တစ်ယောက်ပဲလို့ ပြောဆိုခဲ့တာကြောင့် အငြင်းပွားစရာတွေ ဖြစ်လာခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်ကနေ ပြောင်းရွှေ့လာပြီးနောက်ပိုင်း တိုမီနေးဟာ နာပိုလီရဲ့ စီးရီးအေအောင်မြင်မှုတွေမှာ အဓိကနေရာက ပါဝင်ခဲ့ပြီး အကောင်းဆုံးကစားသမားဆုတွေနဲ့အတူ Ballon d'Or ဆုအတွက်ပါ ဆန်ခါတင်စာရင်း သွင်းခံခဲ့ရသူပါ။

စကော့တလန်လက်ရွေးစင် တိုမီနေးဟာ နာပိုလီအတွက် ၇၆ ပွဲမှာ ၂၆ ဂိုးအထိ သွင်းယူပေးထားပြီး အဲဒီအထဲမှာ ကာဂလီယာရီအသင်းအပေါ် သွင်းယူခဲ့တဲ့ အံမခန်းဂိုးလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ နိုင်ဂိုလန်ကတော့ တိုမီနေးဟာ အဆင့်မြင့်ဘောလုံးလောကမှာ လိုအပ်တဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုတွေ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။

"သူက ဂိုးတွေအများကြီးသွင်းတယ်၊ ဒါပေမဲ့ ကစားကွက်တည်ဆောက်ပုံကို ကြည့်မယ်ဆိုရင်တော့... သူက တစ်ရာသီကို ၁၂ ဂိုး၊ ၁၃ ဂိုး၊ ၁၄ ဂိုးလောက် အမြဲသွင်းနိုင်ပါလိမ့်မယ်၊ ဒါပေမဲ့ ကစားကွက်ဖော်ဆောင်ဖို့ လိုအပ်လာတဲ့အခါမှာတော့ ကွင်းလယ်နဲ့ တိုက်စစ်ကြား နေရာလွတ်တွေကို အသုံးချနိုင်တဲ့ နည်းစနစ်ပိုင်း မရှိဘူး။ သူက သာမန်ကစားသမားတစ်ယောက်ပါပဲ" လို့ Sky Calcio Unplugged အစီအစဉ်မှာ နိုင်ဂိုလန်က ပြောကြားခဲ့ပါတယ်။

"ကျွန်တော့်ရဲ့ အကောင်းဆုံးအချိန်တွေတုန်းက တိုမီနေးထက်ရော၊ ဟာကန်ချာဟာနိုဂလူးထက်ပါ ပိုတော်ခဲ့ပါတယ်။ ဒါပေမဲ့ နီကိုလို ဘာရယ်လာကိုတော့ ကျွန်တော့်ထက် ပိုတော်တဲ့သူအဖြစ် သတ်မှတ်ပါတယ်"

"သူ (ဘာရယ်လာ) က ဂိုးတွေအများကြီး အမြဲမသွင်းနိုင်ပေမဲ့ သူသွင်းတဲ့ဂိုးတွေက အရေးကြီးတဲ့ဂိုးတွေ ဖြစ်နေတတ်တယ်။ သူကစားနေတဲ့အချိန်ဆိုရင်လည်း ကွင်းထဲမှာ ကွာခြားမှုကို အမြဲခံစားရပါတယ်" လို့ ၎င်းက ဆိုပါတယ်။