The network connection is lost.

Banner Image

ယူနိုက်တက်ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အတွင်း သုံးစွဲခဲ့တဲ့ နည်းဗျူဟာအကြောင်း ဖွင့်ဟလာတဲ့ ဟားလ်စီးတီးနည်းပြ

ဟားလ်စီးတီးအသင်းလက်ထောက်နည်းပြဒင်းဟိုလ်ဒီက မန်ချက်စတာယူနိုက်တက်အပေါ် အသာစီးရရှိအောင် သူတို့အသင်း ဘယ်လိုပြင်ဆင်ခဲ့သလဲဆိုတာကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

တန်းတက်လာတဲ့ ဟားလ်စီးတီးက ပြီးခဲ့တဲ့စနေနေ့မွန်းလွဲပိုင်း၊ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မှာ ယူနိုက်တက်ကို အံ့အားသင့်ဖွယ် ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့ပြီး အံ့ဩမှင်သက်ဖွယ်ရလဒ်တစ်ခု ဖန်တီးခဲ့ပါတယ်။

ဟားလ်စီးတီးက အိမ်ကွင်းနိုင်ပွဲတင်မက ကွင်းတွင်းဘက်ပေါင်းစုံအားကောင်းခဲ့လို့ သူတို့နဲ့ယှဉ်ပြိုင်ရချိန် ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်နေတဲ့ သရဲနီတွေကို ဂိုးမပေးရအောင် ကစားနိုင်ခဲ့ကြပါတယ်။

မိနစ် ၉၀ ပြည့် ယူနိုက်တက်တို့ ခြိမ်းခြောက်နိုင်စွမ်း မရှိသလောက် ဖြစ်ခဲ့လို့ ဟားလ်စီးတီးက အခုလိုအံ့အားသင့်စရာရလဒ်ကောင်းကို ဘယ်လိုမျိုးရယူခဲ့သလဲဆိုတာ ပရိသတ်အများစုအတွက် ဆွေးနွေးစရာ ဖြစ်လာပါတယ်။

Match of the Day အစီအစဉ်မှာတော့ ဟားလ်စီးတီးလက်ထောက်နည်းပြဟိုလ်ဒီက အသင်းအတွက် ပရီးမီးယားလိဂ်နဲ့အသားကျတဲ့ ကစားသမားအစုအဖွဲ့ တည်ဆောက်ထားနိုင်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

"ကျွန်တော်တို့က အာမိုရင်ရဲ့ပုံစံကို ကူးချတာမျိုး လုံး၀မဟုတ်ပါဘူး" လို့ ဟိုလ်ဒီက နောက်ပြောင်ပြောကြားခဲ့ပါတယ်။

"ဂျာကီရိုဗစ်က ခံစစ်ကစားသမားငါးဦးနဲ့ ကစားဖို့ကို သုံးလေးပတ်လောက်အလိုကတည်းက စဉ်းစားထားခဲ့တာပါ။ သူက ရာသီကြိုမှာ ဘယ်နည်းဗျူဟာမှ ချမပြချင်တာကြောင့် ကျွန်တော်တို့က ခံစစ်ကစားသမားလေးဦးနဲ့ပဲ ကစားခဲ့ကြပါတယ်။

ပြင်ဆင်မှုမှာ အလွယ်ကူဆုံးလုပ်ဆောင်နိုင်ခဲ့တာကတော့ (ရာသီကြိုမှာ ယူနိုက်တက်နဲ့ ရင်ဆိုင်ရတဲ့) မီလန်အသင်းရဲ့ကလစ်အချို့ကို အသုံးပြုခဲ့မှုဖြစ်ပြီး ပြီးခဲ့တဲ့သီတင်းပတ်မှာ လိဒ်အသင်းကလည်း ခံစစ်သုံးဦးနဲ့ ကစားခဲ့လို့ ပုံစံတူစနစ်တွေနဲ့ ကစားတဲ့နေရာမှာ ကစားသမားတွေအတွက် အများကြီးအထောက်အကူဖြစ်စေခဲ့ပါတယ်။

ကျွန်တော်တို့က ဘောလုံးမရှိတဲ့အခြေအနေမှာ ကစားရတာ အဆင်ပြေပါတယ်။ ဒါကြောင့် ချန်ပီယံရှစ်မှာ စိုးမိုးခဲ့ပြီး အခုအဆင့်မှာတော့ အပြောင်းအလဲတွေ လုပ်ဆောင်ရမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့က ကွင်းလယ်ပိုင်းစုဖွဲ့မှု (mid-block) ပုံစံနဲ့ ကစားရတာ အဆင်ပြေပြီး ဒါက ကျွန်တော်တို့ရဲ့အကြီးမားဆုံးအားသာချက်တွေအနက် တစ်ခုဖြစ်ပါတယ်။ တန်ပြန်တိုက်စစ်လည်း အရမ်းကောင်းခဲ့ပါတယ်။။

ကျွန်တော်တို့ဆီမှာ ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်ခဲ့ကြတဲ့ ကစားသမားအစုအဖွဲ့ ရှိပြီး အသင်းမှာ စူပါစတားတွေ မရှိပါဘူး။ နည်းပြလည်း အတူတူပါပဲ၊ တကယ့်ကို နှိမ့်ချတတ်သူ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။

ဟားလ်စီးတီးက ပြီးခဲ့တဲ့ရာသီနောက်ဆုံးပွဲစဉ်ကျမှ ပလေးအော့ဖ်အဆင့်ဆီ ပွတ်ကာသီကာ ပါဝင်လာပြီး ပရီးမီးယားလိဂ်မှတန်းဆင်းရဖို့အတွက် ရေပန်းအစားဆုံး ဖြစ်ခဲ့ပါတယ်။ လတ်တလောမှာတော့ သူတို့က တန်းတင်ကျန်ရစ်ဖို့အတွက် အခွင့်အရေးအပြည့်ရှိတဲ့ အသင်းတစ်ခုအဖြစ် ပုံပေါ်နေပါတယ်။