The network connection is lost.

Banner Image

မိုနာကိုမှာပဲ အမြဲတမ်း ဆက်နေချင်နေတဲ့ ဘာစီလိုနာ အငှားကစားသမား အန်ဆုဖာတီ

အန်ဆုဖာတီဟာ ဒီနွေရာသီမှာ ဘာစီလိုနာကနေ မိုနာကိုဆီ အငှားနဲ့လာကစားနေတဲ့ သူ့ရဲ့အပြောင်းအရွှေ့ကို အမြဲတမ်းစာချုပ်အဖြစ် ပြောင်းလဲသွားဖို့ မျှော်လင့်နေပါတယ်။

အခု အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ ဖာတီဟာ တစ်ချိန်က ဘာစီလိုနာမှာ လီယွန်နယ်မက်ဆီရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူလို့ သတ်မှတ်ခြင်းခံခဲ့ရဖူးသူပါ။ ဒါပေမဲ့ ပြင်းထန်တဲ့ ဒဏ်ရာတွေ ဆက်တိုက်ရရှိခဲ့တာကြောင့် အသင်းရဲ့ ဦးစားပေးစာရင်းမှာ နေရာပျောက်ဆုံးခဲ့ရပါတယ်။

ဖာတီဟာ ပြင်သစ် လီဂူး-ဝမ်းကလပ် မိုနာကိုမှာ အငှားနဲ့ သွားရောက်ကစားနေစဉ်အတွင်း ပြိုင်ပွဲစုံ ၂၇ ပွဲမှာ ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့ခြေစွမ်းကောင်းတွေကို ပြန်လည်ရှာဖွေတွေ့ရှိနေပြီ ဖြစ်ပါတယ်။

သူ့ရဲ့ဖခင်ဖြစ်သူ ဘိုရီရဲ့ ပြောကြားချက်အရတော့ ဒီတောင်ပံကစားသမားဟာ အခုဘောလုံးရာသီကုန်ဆုံးပြီးနောက်ပိုင်းမှာလည်း မိုနာကိုအသင်းမှာပဲ ဆက်နေဖို့ ဆန္ဒရှိနေပါတယ်။

"ကျွန်တော်တို့ကတော့ ဖာတီကို မိုနာကိုမှာပဲ ဆက်နေစေချင်ပါတယ်။ သူ အဲဒီမှာ ပျော်နေပါတယ်" လို့ ဖခင်ဖြစ်သူက ဖာဘရီဇီယိုရိုမန်နိုကတစ်ဆင့် ပြောကြားခဲ့ပါတယ်။ "သူ့မှာ ၂၀၂၈ ခုနှစ် ဇွန်လအထိ ဘာစီလိုနာနဲ့ စာချုပ်ရှိနေသေးတာကြောင့် ဘာတွေဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့" လို့ ဆိုပါတယ်။

မိုနာကိုအသင်းရဲ့ အငှားစာချုပ်ထဲမှာ ယူရို ၁၁ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့် (Option to buy) ပါဝင်နေပေမဲ့ အဲဒီအခွင့်အရေးကို အသုံးချမလား၊ မချဘူးလားဆိုတာကိုတော့ အသင်းဘက်က ဆုံးဖြတ်ရခြင်းမရှိသေးဘူးလို့ သိရပါတယ်။