The network connection is lost.

Banner Image

နည်းစနစ်ဒါရိုက်တာနေရာအတွက် လီဗာပူးနည်းပြအဖွဲ့ဝင်ဗန်ဘရွန်ဟော့စ်ကို မျက်စိကျနေတဲ့ ဖီယင်နု

နည်းစနစ်ဒါရိုက်တာအသစ်တစ်ဦးရှာဖွေနေတဲ့ ဒတ်ချ်ထိပ်သီးဖီယင်နုအသင်းက သူတို့ရဲ့ ကစားသမားဟောင်းဖြစ်သလို နည်းပြဟောင်းလည်းဖြစ်တဲ့ ဂျီယိုဗန်နီဗန်ဘရွန်ဟော့စ်နဲ့ ပြန်လည်လက်တွဲဖို့ မျက်စိကျနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Daily Mail သတင်းထောက်လူးဝစ်စတီးလ်ရဲ့အဆိုအရ ဖီယင်နုအသင်းက ဗန်ဘရွန်ဟော့စ်အတွက် လီဗာပူးအသင်းဆီ တရားဝင်မချဉ်းကပ်ရသေးပေမဲ့ ဒီဘယ်နောက်ခံလူဟောင်းကတော့ အသင်းဟောင်းရဲ့ ကမ်းလှမ်းမှုကို နားထောင်ဖို့ ဆန္ဒရှိနေပါတယ်။ ဗန်ဘရွန်ဟော့စ်က ဖီယင်နုအတွက် ၂၄၉ ပွဲ ပါဝင်ကစားပေးခဲ့ဖူးပြီး နည်းပြဘ၀မှာလည်း ၁၈ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၇ ခုနှစ်၊ ဒတ်ချ်လိဂ်ချန်ပီယံဆုအပါအဝင် ဆုဖလားငါးလုံးကို ရယူပေးခဲ့ပါတယ်။

ရော့တာဒမ်အခြေစိုက်ကလပ်အသင်းရဲ့ စီအီးအို ဒန်းနစ်တီကလို့စ်က အသင်းမှ မကြာခင် ထွက်ခွာတော့မယ်လို့ ကြေညာခဲ့လို့ အသင်းက နည်းစနစ်ဒါရိုက်တာအသစ်တစ်ဦး ရှာဖွေနေရခြင်း ဖြစ်ပါတယ်။ စီအီးအို တီကလို့စ်က ၂၀၂၂ ခုနှစ်၊ ဖရန့်ခ်အာနီဆင်ထွက်ခွာသွားပြီးနောက်ပိုင်း နည်းစနစ်ဒါရိုက်တာတာဝန်ကိုပါ ပူးတွဲထမ်းဆောင်ခဲ့ပါတယ်။

နယ်သာလန်လက်ရွေးစင်အသင်းအတွက် ၁၀၆ ပွဲအထိ ကစားပေးဖူးတဲ့ ဗန်ဘရွန်ဟော့စ်က ၂၀၂၅ ခုနှစ်မှာ မာဆေးဆိုဒ်ကလပ် လီဗာပူးနဲ့ နှစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ဂျွန်ဟိုင်တင်ဂါရဲ့နေရာမှာ အစားဝင်ကာ အန်းစလော့ရဲ့ နည်းပြအဖွဲ့ဝင်၊ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။

လီဗာပူးမှာတာဝန်မယူခင် ဗန်ဘရွန်ဟော့စ်က ဘက်ဆစ်တက်၊ ရိန်းဂျားစ်၊ ကွမ်ကျိုး R&F နဲ့ ဖီယင်နုအသင်းတို့မှာ နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး စုစုပေါင်း ဆုဖလား ၇ လုံးအထိ ရယူနိုင်ခဲ့သလို ၂၀၂၂ ခုနှစ်မှာလည်း ရိန်းဂျားစ်အသင်းကို ယူရိုပါလိဂ်ဗိုလ်လုပွဲအထိ ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့ဖူးပါတယ်။