The network connection is lost.

Banner Image

ဒီကလန်ရိုက်စ်ရဲ့ဖရီးကစ်တွေဟာ မှော်ဆန်တယ်ဆိုတာကို သဘောမတူခဲ့တဲ့ ရှနိုက်ဒါ

ရီးရဲလ် နဲ့ အင်တာစတားဟောင်း ရှနိုက်ဒါက ဒီကလန်ရိုက်စ်ရဲ့ဖရီးကစ်တွေနဲ့ပတ်သက်ပြီး သဘောမတူခဲ့သလို ကော်တိုရစ်ကြောင့် ကန်ရတာလွယ်ကူခဲ့တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ပြီးနောက် ရိုက်စ်က အာဆင်နယ်အတွက် အဖွင့်ဂိုးကို  လှပတဲ့ဖရီးကစ်ကနေသွင်းယူပေးနိုင်ခဲ့ပါတယ်။

အဲ့နောက် ဒုတိယမြောက်ဂိုးကိုလည်း ထပ်မံပြီးဖရီးကစ်ကနေသွင်းယူနိုင်ခဲ့သလို တတိယမြောက်အနိုင်ဂိုးကို မာရီနိုက သွင်းယူပေးခဲ့ပါတယ်။ ရီးရဲလ်ကို ၃ ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် အာဆင်နယ်ဟာ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ဖို့ အလားအလာကောင်းသွားခဲ့ပြီဖြစ်ပါတယ်။ အာတီတာကလည်း ရီးရဲလ်ကိုအနိုင်ရပြီးနောက် ရိုက်စ်ရဲ့ဖရီးကစ်ကန်ချက် ၂ ကြိမ်ဟာ မှော်ဆန်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲလ်စတားဟောင်း ရှနိုက်ဒါက ရိုက်စ်ရဲ့ဂိုးတွေနဲ့ပတ်သက်ပြီး သဘောမတူခဲ့သလို ကော်တိုရစ်ကို ဝေဖန်ခဲ့ပါတယ်။

“ပထမဂိုးက ကော်တိုရစ်နေရာယူမမှန်တာကြောင့်ပါ။ သူက ဒီကန်ချက်ကို ဆာကာကန်မယ်လို့ ထင်နေတာပါ။ ဘာလို့လဲဆိုတော့ သူက ဘယ်ခြေအားသန်ကစားသမားပါ။ အဲ့နောက် သူက လူကာထားတဲ့ဘက်ကို အနည်းငယ်ပိုရွှေ့ထားခဲ့ပါတယ်။ ညာခြေအားသန်တဲ့ကစားသမားက အဲ့ထောင့်ကို ဘယ်တော့မှမကန်ပါဘူး။ အဲ့တာမျိုးက ခွင့်မပြုသင့်ပါဘူး။ ကျွန်တော် အခုပြောနေတာက အနည်းငယ်ရူးချင်စရာဖြစ်နိုင်ပေမယ့် ညာခြေအားသန်ကစားသမားအတွက်တော့ အရမ်းလွယ်ကူနေပါတယ်။ ခင်ဗျားအနေနဲ့ ကန်ချက်ကောင်းကောင်းနဲ့ကန်မယ်ဆိုရင် အဲ့တာက အရမ်းလွယ်ကူစေပါတယ်။ ခင်ဗျားကွင်းထဲမှာရှိနေမယ်ဆိုရင်လည်း အဲ့တာကို မြင်နိုင်ပါတယ်”လို့ ရှနိုက်ဒါက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်နောက်ခံလူဟောင်း ဗန်ဘရွန်ဟော့စ်ကလည်း “ဝက်စလေပြောတာမှန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ နံရံက ညာဘက်နဲ့ တော်တော်ဝေးနေပါတယ်။ သူက အသာလေးကန်သွင်းနိုင်ခဲ့ပါတယ်။ အဲ့လိုဘောလုံးမျိုးကန်ရတာက လွယ်ကူပါတယ်။ ဒုတိယဂိုးက လှပပါတယ်။ ခင်ဗျားအများကြီးလုပ်နိုင်တာထက်မပိုပါဘူး”လို့ ဗန်ဘရွန်ဟော့စ်က ပြောကြားခဲ့ပါတယ်။ ရှနိုက်ဒါက အသင်းဟောင်းအနေနဲ့ ဖရီးကစ် ၂ ကြိမ်ကနေ အရေးနိမ့်ခဲ့တာကြောင့် နာကျင်နိုင်တယ်လို့ ယုံကြည်နေပါတယ်။

“သေချာပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကြောင့်ပါ။ အာဆင်နယ်ထက်ဆိုးတာမရှိပါဘူး။ ခင်ဗှားအနေနဲ့ ၂-၀ ဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကောင်းမွန်တဲ့ဖရီးကစ် ၂ ကြိမ်ကြောင့်ပါ။ အဲ့တာက စိတ်ကုန်စရာပါ။ အခုတော့ ၃-၀ ဖြစ်ခဲ့တာကြောင့် လာမယ့်အပတ်မှာ ခင်ဗျားအရာအားလုံးလုပ်ဆောင်ရပါမယ်”လို့ ရှနိုက်ဒါက ပြောကြားခဲ့ပါတယ်။